သို့ဖြစ်လျှင်၊ ဘုရားသခင်သည် မိမိလူမျိုးကို ပယ်တော်မူပြီလောဟု မေးသော်၊ ပယ်တော်မမူဟု ဆိုရ၏။ ငါပင် ဣသရေလလူဖြစ်၏။ အာဗြဟံအမျိုး၊ ဗင်္ယာမိန်အနွယ် ဖြစ်၏။- ဘုရားသခင်သည် အထက်က သိမှတ်တော်မူသော မိမိလူတို့ကို ပယ်တော်မမူ။ ပရောဖက်ဧလိယက၊ အို ထာဝရဘုရား၊- သူတို့သည် ကိုယ်တော်၏ ပရောဖက်များကို သတ်ကြပါပြီ။ ကိုယ်တော်၏ယဇ်ပလ္လင်များကို ဖြိုဖျက်ကြပါပြီ။ အကျွန်ုပ်တစ်ယောက်တည်း ကျန်ရစ်၍၊ အကျွန်ုပ် အသက်ကိုပင် ရှာကြပါ၏ဟု ဘုရားသခင့်ရှေ့မှာ ဣသရေလအမျိုးတစ်ဖက်၌ လျှောက်ထားသည်ဟု ကျမ်းစာ၌ ပါသောအကြောင်းကို သင်တို့သည် မသိကြသလော။- ထိုသို့လျှောက်သောအခါ၊ အဘယ်သို့ ဗျာဒိတ်ထားတော်မူသနည်းဟူမူကား၊ ဗာလရှေ့၌ ဒူးမထောက်သော လူခုနစ်ထောင်တို့ကို ငါ့အဖို့ ငါကျန်ကြွင်းစေပြီဟု မိန့်တော်မူ၏။- ထိုနည်းတူ၊ ယခုကာလတွင်ပင် ကျေးဇူးတော်အတိုင်း ရွေးကောက်တော်မူသော အကြွင်းအကျန်ရှိသေး၏။- ကျေးဇူးတော်အားဖြင့်ရှိလျှင်၊ ကိုယ်ကျင့်သောအကျင့်အားဖြင့် မရှိ၊ ရှိလျှင် ကျေးဇူးသည် ကျေးဇူးမဟုတ်။ ကိုယ်ကျင့်သောအကျင့်အားဖြင့် ရှိလျှင်၊ ကျေးဇူးအားဖြင့် မရှိ၊ ရှိလျှင် ကိုယ်ကျင့်သောအကျင့်သည် အကျင့်မဟုတ်။ သို့ဖြစ်လျှင် အဘယ်သို့နည်း၊ ဣသရေလလူတို့သည် ရှာသောအရာကို မတွေ့မရကြ။ ရွေးကောက်တော်မူသော သူတို့သာ တွေ့ရကြ၏။ ကြွင်းသောသူတို့ကို မှောင်မိုက်ဖုံးလွှမ်း၏။- ထိုသို့နှင့်အညီ ကျမ်းစာလာသည်ကား၊ ဘုရားသခင်သည် အိပ်ချင်သောသဘောကိုလည်းကောင်း၊ မမြင်နိုင်သော မျက်စိကိုလည်းကောင်း၊ မကြားနိုင်သော နားကိုလည်းကောင်း၊ ထိုသူတို့အား ပေးတော်မူပြီဟုလာ၏။ ထိုကျမ်းစာချက်သည် ယနေ့တိုင်အောင် ပြည့်စုံသတည်း။- ဒါဝိဒ်၏စကား ဟူမူကား၊ သူတို့စားပွဲသည် သူတို့၌ ကျော့ကွင်းသော်လည်းကောင်း၊ ဂျမ်းသော်လည်းကောင်း၊ ထောင်ချောက်သော်လည်းကောင်း၊ ခံထိုက်သော အပြစ်သော်လည်းကောင်း ဖြစ်ပါစေ။- သူတို့သည် မမြင်နိုင်အောင် မျက်စိကွယ်ပါစေ။ သူတို့ကျောသည်လည်း အစဉ်ကုန်းပါစေဟု လာသတည်း။
ရောမ 11 ကိုဖတ်ပါ။
နားထောင်ပါ။ ရောမ 11
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရောမ 11:1-10
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ