YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရောမ 11:1-10

ရောမ 11:1-10 JBMLE

သို့​ဖြစ်​လျှင်၊ ဘု​ရား​သ​ခင်​သည် မိ​မိ​လူ​မျိုး​ကို ပယ်​တော်​မူ​ပြီ​လော​ဟု မေး​သော်၊ ပယ်​တော်​မ​မူ​ဟု ဆို​ရ၏။ ငါ​ပင် ဣ​သ​ရေ​လ​လူ​ဖြစ်၏။ အာ​ဗြ​ဟံ​အ​မျိုး၊ ဗင်္ယာ​မိန်​အ​နွယ် ဖြစ်၏။- ဘု​ရား​သ​ခင်​သည် အ​ထက်​က သိ​မှတ်​တော်​မူ​သော မိ​မိ​လူ​တို့​ကို ပယ်​တော်​မ​မူ။ ပ​ရော​ဖက်​ဧ​လိ​ယ​က၊ အို ထာ​ဝ​ရ​ဘု​ရား၊- သူ​တို့​သည် ကိုယ်​တော်၏ ပ​ရော​ဖက်​များ​ကို သတ်​ကြ​ပါ​ပြီ။ ကိုယ်​တော်၏​ယဇ်​ပ​လ္လင်​များ​ကို ဖြို​ဖျက်​ကြ​ပါ​ပြီ။ အ​ကျွန်ုပ်​တစ်​ယောက်​တည်း ကျန်​ရစ်၍၊ အ​ကျွန်ုပ် အ​သက်​ကို​ပင် ရှာ​ကြ​ပါ၏​ဟု ဘု​ရား​သ​ခင့်​ရှေ့​မှာ ဣ​သ​ရေ​လ​အ​မျိုး​တစ်​ဖက်၌ လျှောက်​ထား​သည်​ဟု ကျမ်း​စာ၌ ပါ​သော​အ​ကြောင်း​ကို သင်​တို့​သည် မ​သိ​ကြ​သ​လော။- ထို​သို့​လျှောက်​သော​အ​ခါ၊ အ​ဘယ်​သို့ ဗျာ​ဒိတ်​ထား​တော်​မူ​သ​နည်း​ဟူ​မူ​ကား၊ ဗာ​လ​ရှေ့၌ ဒူး​မ​ထောက်​သော လူ​ခု​နစ်​ထောင်​တို့​ကို ငါ့​အ​ဖို့ ငါ​ကျန်​ကြွင်း​စေ​ပြီ​ဟု မိန့်​တော်​မူ၏။- ထို​နည်း​တူ၊ ယ​ခု​ကာ​လ​တွင်​ပင် ကျေး​ဇူး​တော်​အ​တိုင်း ရွေး​ကောက်​တော်​မူ​သော အ​ကြွင်း​အ​ကျန်​ရှိ​သေး၏။- ကျေး​ဇူး​တော်​အား​ဖြင့်​ရှိ​လျှင်၊ ကိုယ်​ကျင့်​သော​အ​ကျင့်​အား​ဖြင့် မ​ရှိ၊ ရှိ​လျှင် ကျေး​ဇူး​သည် ကျေး​ဇူး​မ​ဟုတ်။ ကိုယ်​ကျင့်​သော​အ​ကျင့်​အား​ဖြင့် ရှိ​လျှင်၊ ကျေး​ဇူး​အား​ဖြင့် မ​ရှိ၊ ရှိ​လျှင် ကိုယ်​ကျင့်​သော​အ​ကျင့်​သည် အ​ကျင့်​မ​ဟုတ်။ သို့​ဖြစ်​လျှင် အ​ဘယ်​သို့​နည်း၊ ဣ​သ​ရေ​လ​လူ​တို့​သည် ရှာ​သော​အ​ရာ​ကို မ​တွေ့​မ​ရ​ကြ။ ရွေး​ကောက်​တော်​မူ​သော သူ​တို့​သာ တွေ့​ရ​ကြ၏။ ကြွင်း​သော​သူ​တို့​ကို မှောင်​မိုက်​ဖုံး​လွှမ်း၏။- ထို​သို့​နှင့်​အ​ညီ ကျမ်း​စာ​လာ​သည်​ကား၊ ဘု​ရား​သ​ခင်​သည် အိပ်​ချင်​သော​သ​ဘော​ကို​လည်း​ကောင်း၊ မ​မြင်​နိုင်​သော မျက်​စိ​ကို​လည်း​ကောင်း၊ မ​ကြား​နိုင်​သော နား​ကို​လည်း​ကောင်း၊ ထို​သူ​တို့​အား ပေး​တော်​မူ​ပြီ​ဟု​လာ၏။ ထို​ကျမ်း​စာ​ချက်​သည် ယ​နေ့​တိုင်​အောင် ပြည့်​စုံ​သ​တည်း။- ဒါ​ဝိဒ်၏​စ​ကား ဟူ​မူ​ကား၊ သူ​တို့​စား​ပွဲ​သည် သူ​တို့၌ ကျော့​ကွင်း​သော်​လည်း​ကောင်း၊ ဂျမ်း​သော်​လည်း​ကောင်း၊ ထောင်​ချောက်​သော်​လည်း​ကောင်း၊ ခံ​ထိုက်​သော အ​ပြစ်​သော်​လည်း​ကောင်း ဖြစ်​ပါ​စေ။- သူ​တို့​သည် မ​မြင်​နိုင်​အောင် မျက်​စိ​ကွယ်​ပါ​စေ။ သူ​တို့​ကျော​သည်​လည်း အ​စဉ်​ကုန်း​ပါ​စေ​ဟု လာ​သ​တည်း။