YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရောမ 10:8-13

ရောမ 10:8-13 JBMLE

တစ်​ဖန်​ဆို​သည်​ကား၊ တ​ရား​တော်​သည် သင်​နှင့်​နီး၏။ သင်၏​နှုတ်၌​လည်း​ကောင်း၊ သင်၏​နှ​လုံး၌​လည်း​ကောင်း ရှိ​သည်​ဟု ဆို၏။ ထို​သို့​ဆို​သော်၊ ငါ​တို့​ဟော​သော ယုံ​ကြည်​ခြင်း​တ​ရား​ကို ဆို​လို​သ​တည်း။- အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ သင်​သည် သ​ခင်​ယေ​ရှု​ကို နှုတ်​ဖြင့်​ဝန်​ခံ၍၊ ဘု​ရား​သ​ခင်​သည် သူ့​ကို သေ​ခြင်း​မှ ထ​မြောက်​စေ​တော်​မူ​ပြီ​ဟု စိတ်​နှ​လုံး​ထဲ၌ ယုံ​ကြည်​လျှင်၊ ကယ်​တင်​ခြင်း​သို့​ရောက်​လိမ့်​မည်။- ဖြောင့်​မတ်​ရာ​သို့ ရောက်​ခြင်း​ငှာ စိတ်​နှ​လုံး​ဖြင့် ယုံ​ကြည်​ရ၏။- ကယ်​တင်​ခြင်း​သို့ ရောက်​ခြင်း​ငှာ နှုတ်​ဖြင့်​ဝန်​ခံ​ရ၏။ ကျမ်း​စာ​လာ​သည်​ကား၊ ထို​ကျောက်​ကို အ​မှီ​ပြု​သော သူ​မည်​သည်​ကား၊ ရှက်​ကြောက်​ခြင်း​မ​ရှိ​နိုင်​ရာ​ဟု လာ​သ​တည်း။- ယု​ဒ​အ​မျိုး၊ ဟေ​လ​သ​အ​မျိုး​ကို​မ​ရွေး၊ လူ​အ​ပေါင်း​တို့​ကို အ​စိုး​ရ​သော အ​ရှင်​တစ်​ပါး​တည်း​ရှိ၍၊ ကိုယ်​တော်​ကို ပ​တ္ထ​နာ​ပြု​သော သူ​အ​ပေါင်း​တို့၌ ကျေး​ဇူး​ကြွယ်​ဝ​တော်​မူ၏။- အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​ကို ပ​တ္ထ​နာ​ပြု​သော​သူ​ရှိ​သ​မျှ​တို့​သည် ကယ်​တင်​တော်​မူ​ခြင်း​သို့ ရောက်​ရ​ကြ​လ​တ္တံ့။