သို့ရာတွင်၊ မယုံကြည်လျှင် အဘယ်သို့ ပတ္ထနာပြုနိုင်မည်နည်း။ သတင်းမကြားလျှင် အဘယ်သို့ ယုံကြည်နိုင်မည်နည်း။ ဟောပြောသောသူမရှိလျှင် အဘယ်သို့ ကြားနိုင်မည်နည်း။- လူကို မစေလွှတ်လျှင် အဘယ်သို့ ဟောပြောနိုင်မည်နည်း။ ထိုသို့နှင့်အညီ ကျမ်းစာလာသည်ကား၊ ငြိမ်သက်ခြင်း၏ ဝမ်းမြောက်စရာသတင်း၊ ကောင်းကျိုးချမ်းသာ၏ ဝမ်းမြောက်စရာသတင်းကို ကြားပြောသော သူ၏ခြေတို့သည် အလွန်တင့်တယ်စွတကားဟု လာသတည်း။- သို့သော်လည်း၊ လူအပေါင်းတို့သည် ဝမ်းမြောက်စရာသတင်းကို နားထောင်ကြသည်မဟုတ်။ ပရောဖက်ဟေရှာယ စကားဟူမူကား၊ အို ထာဝရဘုရား၊ အကျွန်ုပ်တို့ ဟောပြောသော သတင်းစကားကို အဘယ်သူယုံပါသနည်းဟု ဆို၏။- သို့ဖြစ်၍၊ ယုံကြည်ခြင်းသည် ကြားနာခြင်းအားဖြင့် ဖြစ်၏။ ကြားနာခြင်းသည်လည်း၊ ဘုရားသခင်၏ စကားတော်အားဖြင့် ဖြစ်၏။
ရောမ 10 ကိုဖတ်ပါ။
နားထောင်ပါ။ ရောမ 10
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရောမ 10:14-17
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ