YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရောမ 10:12-17

ရောမ 10:12-17 JBMLE

ယု​ဒ​အ​မျိုး၊ ဟေ​လ​သ​အ​မျိုး​ကို​မ​ရွေး၊ လူ​အ​ပေါင်း​တို့​ကို အ​စိုး​ရ​သော အ​ရှင်​တစ်​ပါး​တည်း​ရှိ၍၊ ကိုယ်​တော်​ကို ပ​တ္ထ​နာ​ပြု​သော သူ​အ​ပေါင်း​တို့၌ ကျေး​ဇူး​ကြွယ်​ဝ​တော်​မူ၏။- အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​ကို ပ​တ္ထ​နာ​ပြု​သော​သူ​ရှိ​သ​မျှ​တို့​သည် ကယ်​တင်​တော်​မူ​ခြင်း​သို့ ရောက်​ရ​ကြ​လ​တ္တံ့။ သို့​ရာ​တွင်၊ မ​ယုံ​ကြည်​လျှင် အ​ဘယ်​သို့ ပ​တ္ထ​နာ​ပြု​နိုင်​မည်​နည်း။ သ​တင်း​မ​ကြား​လျှင် အ​ဘယ်​သို့ ယုံ​ကြည်​နိုင်​မည်​နည်း။ ဟော​ပြော​သော​သူ​မ​ရှိ​လျှင် အ​ဘယ်​သို့ ကြား​နိုင်​မည်​နည်း။- လူ​ကို မ​စေ​လွှတ်​လျှင် အ​ဘယ်​သို့ ဟော​ပြော​နိုင်​မည်​နည်း။ ထို​သို့​နှင့်​အ​ညီ ကျမ်း​စာ​လာ​သည်​ကား၊ ငြိမ်​သက်​ခြင်း၏ ဝမ်း​မြောက်​စ​ရာ​သ​တင်း၊ ကောင်း​ကျိုး​ချမ်း​သာ၏ ဝမ်း​မြောက်​စ​ရာ​သ​တင်း​ကို ကြား​ပြော​သော သူ၏​ခြေ​တို့​သည် အ​လွန်​တင့်​တယ်​စွ​တ​ကား​ဟု လာ​သ​တည်း။- သို့​သော်​လည်း၊ လူ​အ​ပေါင်း​တို့​သည် ဝမ်း​မြောက်​စ​ရာ​သ​တင်း​ကို နား​ထောင်​ကြ​သည်​မ​ဟုတ်။ ပ​ရော​ဖက်​ဟေ​ရှာ​ယ စ​ကား​ဟူ​မူ​ကား၊ အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​တို့ ဟော​ပြော​သော သ​တင်း​စ​ကား​ကို အ​ဘယ်​သူ​ယုံ​ပါ​သ​နည်း​ဟု ဆို၏။- သို့​ဖြစ်၍၊ ယုံ​ကြည်​ခြင်း​သည် ကြား​နာ​ခြင်း​အား​ဖြင့် ဖြစ်၏။ ကြား​နာ​ခြင်း​သည်​လည်း၊ ဘု​ရား​သ​ခင်၏ စ​ကား​တော်​အား​ဖြင့် ဖြစ်၏။