YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရောမ 1:24-32

ရောမ 1:24-32 JBMLE

ထို​ကြောင့်​သူ​တို့​သည် မိ​မိ​တို့​ကိုယ်​ကာ​ယ၏ အ​သ​ရေ​ကို အ​ချင်း​ချင်း​ရှုတ်​ချ​မည်​အ​ကြောင်း၊ ဘု​ရား​သ​ခင်​သည် သူ​တို့​ကို သူ​တို့၏ ကိ​လေ​သာ​စိတ်​ညစ်​ညူး​ခြင်း​လက်​သို့ အပ်​လိုက်​တော်​မူ၏။- သူ​တို့​သည် မှန်​သော​ဘု​ရား​သ​ခင့်​အ​ရာ၌ အ​မှား​ကို​ထား​လျက်၊ ဖန်​ဆင်း​တတ်​သော သ​ခင်​ကို​ပယ်၍ ဖန်​ဆင်း​အပ်​သော​အ​ရာ​ကို ဝတ်​ပြု​ကိုး​ကွယ်​သော​သူ ဖြစ်​ကြ၏။ ထို​သ​ခင်​သည် ထာ​ဝ​ရ​မင်္ဂ​လာ​ရှိ​တော်​မူ၏။ အာ​မင်။- ထို​သို့​ပြု​ကြ​သော​ကြောင့် ဘု​ရား​သ​ခင်​သည် သူ​တို့​ကို ရှက်​ကြောက်​ဖွယ်​သော ကိ​လေ​သာ​လက်​သို့ အပ်​လိုက်​တော်​မူ၏။ အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ မိန်း​မ​တို့​သည် ပ​က​တိ​ထုံး​စံ​ကို​စွန့်၍၊ ပ​က​တိ​နှင့် ဆန့်​ကျင်​ဘက်​ထုံး​စံ​ကို လိုက်​ကြ၏။- ထို​အ​တူ၊ ယောက်ျား​တို့​သည်​လည်း မိန်း​မ​နှင့် ဆက်​ဆံ​ခြင်း ပ​က​တိ​ထုံး​စံ​ကို​စွန့်၍ အ​ချင်း​ချင်း ကိ​လေ​သာ​စိတ်​ပူ​လောင်​သ​ဖြင့်၊ ရှက်​ကြောက်​ဖွယ်​သော​အ​မှု​ကို ယောက်ျား​ချင်း​ပြု​လျက်၊ မိ​မိ​တို့ မှား​ယွင်း​ခြင်း​နှင့်​အ​လျောက် မိ​မိ​တို့​အ​ပြစ်​ဒဏ်​ကို ခံ​ရ​ကြ၏။- ထို​သူ​တို့​သည် ဘု​ရား​သ​ခင်​ကို မ​သိ​မ​မှတ်​လို​သည်​ဖြစ်၍၊ မ​လျောက်​ပတ်​သော အ​မှု​ကို ပြု​စေ​မည်​အ​ကြောင်း၊ ဘု​ရား​သ​ခင်​သည် သူ​တို့​ကို မော​ဟ​လက်​သို့ အပ်​လိုက်​တော်​မူ​သည်​နှင့်​အ​ညီ၊- သူ​တို့​သည်​အ​လုံး​စုံ​သော အ​ဓ​မ္မ​ကျင့်​ခြင်း၊ မ​တ​ရား​သော မေ​ထုန်​ကို​ပြု​ခြင်း၊ ဆိုး​ညစ်​ခြင်း၊ လော​ဘ​လွန်​ကျူး​ခြင်း၊ မ​နာ​လို​ခြင်း၊ ငြူ​စူ​ခြင်း၊ လူ​အ​သက်​ကို သတ်​ခြင်း၊ ရန်​တွေ့​ခြင်း၊ လှည့်​ဖြား​ခြင်း၊ သူ​တစ်​ပါး​ကို မြင်​ပြင်း​ခြင်း​တို့​နှင့် ပြည့်​စုံ​သော​သူ၊ ချော​စား​သော​သူ၊- ဆဲ​ရေး​သော​သူ၊ ဘု​ရား​သ​ခင်​ကို​မုန်း​သော​သူ၊ ကြမ်း​တမ်း​သော​သူ၊ မာ​န​ထောင်​လွှား​သော​သူ၊ ဝါ​ကြွား​သော​သူ၊ မ​တတ်​ကောင်း​သော အ​တတ်​ကို​စီ​ရင်​သော​သူ၊ မိ​ဘ​စ​ကား​ကို နား​မ​ထောင်​သော​သူ၊ သ​တိ​မ​ရှိ​သော​သူ၊ သ​စ္စာ​ပျက်​သော​သူ၊- မိ​ဘ သား​မ​ယား​စ​သည်​တို့​ကို မ​ချစ်​သော​သူ၊ ရန်​ငြိုး​ထား​သော​သူ၊ သ​နား​ခြင်း က​ရု​ဏာ​စိတ်​မ​ရှိ​သော​သူ ဖြစ်​ကြ၏။- ထို​သို့ ကျင့်​သော​သူ​တို့​သည် သေ​ပြစ်​ကို​ခံ​ထိုက်​သည်​ဟု ဘု​ရား​သ​ခင်​စီ​ရင်​တော်​မူ​ကြောင်း​ကို ထို​သူ​တို့​သည် သိ​လျက်​ပင် ကိုယ်​တိုင်​ကျင့်​သည်​သာ​မ​က၊ ထို​သို့​ကျင့်​သော​သူ​တို့၌ အား​ရ​ဝမ်း​မြောက်​ကြ၏။

​ရောမ 1:24-32 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။