YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရောမ 1:1-7

ရောမ 1:1-7 JBMLE

လူ​ဇာ​တိ​အား​ဖြင့် ဒါ​ဝိဒ်​အ​မျိုး​ဖြစ်​တော်​မူ​ထ​သော၊- သေ​ခြင်း​မှ​ထ​မြောက်​တော်​မူ၍၊ သန့်​ရှင်း​သော​ဝိ​ညာဉ်​အား​ဖြင့်၊- တန်​ခိုး​နှင့်​တ​ကွ ဘု​ရား​သ​ခင်၏​သား​တော် ထင်​ရှား​ဖြစ်​တော်​မူ​သော ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​တည်း​ဟူ​သော မိ​မိ​သား​တော်​ကို အ​ကြောင်း​ပြု၍ ဘု​ရား​သ​ခင်​သည် ရှေး​က​မိ​မိ​ပ​ရော​ဖက်​များ​အား​ဖြင့်၊ သန့်​ရှင်း​သော​ကျမ်း​စာ၌ က​တိ​ထား​တော်​မူ​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​စေ​ခြင်း​ငှာ၊ ရွေး​ချယ်​ခွဲ​ထား၍ တ​မန်​တော်​အ​ရာ၌ ခန့်​ထား​သော ယေ​ရှု​ခ​ရစ်၏​ကျွန် ငါ​ပေါ​လု​သည်၊- ဘု​ရား​သ​ခင်​ချစ်​တော်​မူ၍၊ သန့်​ရှင်း​သူ​အ​ရာ၌ ခန့်​ထား​သော ရော​မ​မြို့​သူ​မြို့​သား​အ​ပေါင်း​တို့​ကို ကြား​လိုက်​ပါ၏။- သ​ခင်​ယေ​ရှု​ခ​ရစ်​နှင့် ငါ​တို့​အ​ဘ​တည်း​ဟူ​သော ဘု​ရား​သ​ခင့် အ​ထံ​တော်​က ကျေး​ဇူး​တော်​နှင့် ငြိမ်​သက်​ခြင်း​သည် သင်​တို့၌ ရှိ​ပါ​စေ​သော။ သ​ခင်​ယေ​ရှု​ခ​ရစ်၏ နာ​မ​တော်​ကို​အ​မှီ​ပြု၍ လူ​မျိုး​အ​ပေါင်း​တို့​သည် ယုံ​ကြည်​နား​ထောင်​စေ​ခြင်း​ငှာ ထို​သ​ခင်​ထံ၌ ကျေး​ဇူး​တော်​နှင့် တ​မန်​တော်​အ​ရာ​ကို ငါ​တို့​သည် ခံ​ရ​ကြ​ပြီ။ ထို​သ​ခင်​ခေါ်​ထား​တော်​မူ​သော သင်​တို့​သည်​လည်း ထို​လူ​မျိုး​တို့၌ အ​ပါ​အ​ဝင်​ဖြစ်​ကြ၏။