YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဗျာဒိတ် 7:15-17

ဗျာဒိတ် 7:15-17 JBMLE

ထို​ကြောင့်၊ ဘု​ရား​သ​ခင်၏ ပ​လ္လင်​တော်​ရှေ့​မှာ နေ​ရာ​ကို​ရ၍၊ ဗိ​မာန်​တော်၌​ဘု​ရား​ဝတ်​ကို​နေ့​ည​မ​ပြတ် ပြု​ရ​ကြ၏။ ပ​လ္လင်​ပေါ်​မှာ ထိုင်​တော်​မူ​သော သူ​သည် သူ​တို့​တွင် ကျိန်း​ဝပ်​တော်​မူ​မည်။- သူ​တို့​သည် နောက်​တစ်​ဖန် ရေ​စာ​ကို မ​ငတ်​မ​မွတ်​ရ​ကြ။ နေ​ရောင်​ခြည် အ​လျှင်း​မ​ထိ​ရ။ အ​ဘယ်​အ​ပူ​ကို​မျှ မ​ခံ​ရ​ကြ။- အ​ကြောင်း​မူ​ကား၊ ပ​လ္လင်​တော်​အ​တွင်း၌ ရှိ​သော သိုး​သ​ငယ်​သည် သူ​တို့​ကို​လုပ်​ကျွေး၍၊ အ​သက်​စမ်း​ရေ​တွင်း​သို့ လမ်း​ပြ​လိမ့်​မည်။ ဘု​ရား​သ​ခင်​သည်​လည်း သူ​တို့​မျက်​စိ၌ မျက်​ရည်​ရှိ​သ​မျှ​တို့​ကို သုတ်​တော် မူ​မည်​ဟု ဆို​လေ၏။