YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဗျာဒိတ် 7:14-16

ဗျာဒိတ် 7:14-16 JBMLE

ငါ​က၊ သ​ခင်၊ ကိုယ်​တော်​သိ​ပါ၏​ဟု ပြန်​လျှောက်၏။ သူ​က​လည်း၊ ဤ​သူ​တို့​သည် ကြီး​စွာ​သော ဆင်း​ရဲ​ဒု​က္ခ​အ​ထဲ​က ထွက်​မြောက်၍၊ မိ​မိ​တို့​ဝတ်​လုံ​ကို သိုး​သ​ငယ်၏ အ​သွေး၌​လျှော်၍ ဖြူ​စေ​သော​သူ ဖြစ်​ကြ​သ​တည်း။- ထို​ကြောင့်၊ ဘု​ရား​သ​ခင်၏ ပ​လ္လင်​တော်​ရှေ့​မှာ နေ​ရာ​ကို​ရ၍၊ ဗိ​မာန်​တော်၌​ဘု​ရား​ဝတ်​ကို​နေ့​ည​မ​ပြတ် ပြု​ရ​ကြ၏။ ပ​လ္လင်​ပေါ်​မှာ ထိုင်​တော်​မူ​သော သူ​သည် သူ​တို့​တွင် ကျိန်း​ဝပ်​တော်​မူ​မည်။- သူ​တို့​သည် နောက်​တစ်​ဖန် ရေ​စာ​ကို မ​ငတ်​မ​မွတ်​ရ​ကြ။ နေ​ရောင်​ခြည် အ​လျှင်း​မ​ထိ​ရ။ အ​ဘယ်​အ​ပူ​ကို​မျှ မ​ခံ​ရ​ကြ။