ကြီးမြင့်သော မြို့ရိုးလည်းရှိ၏။ အရှေ့ဘက်၌ တံခါးသုံးပေါက်၊ မြောက်ဘက်၌ သုံးပေါက်၊ တောင်ဘက်၌သုံးပေါက်၊ အနောက်ဘက်၌ သုံးပေါက်၊ တံခါး တစ်ဆယ်နှစ်ပေါက်ရှိ၏။ ထိုတံခါး တစ်ဆယ်နှစ်ပေါက်၌ ကောင်းကင်တမန် တစ်ဆယ်နှစ်ပါး ရှိ၏။ ဣသရေလအမျိုး တစ်ဆယ်နှစ်မျိုး၏ နာမတို့သည် ထိုတံခါးပေါ်၌ ရေးထားလျက်ရှိ၏။- မြို့ရိုးအမြစ်သည် တစ်ဆယ်နှစ်ထပ်ရှိ၏။ သိုးသငယ်၏တမန်တော် တစ်ဆယ်နှစ်ပါး၏ နာမတို့သည် မြို့ရိုးအမြစ်ပေါ်၌ ရေးထားလျက်ရှိကြ၏။ ငါနှင့်စကားပြောသောသူသည်၊ မြို့ကိုလည်းကောင်း၊ တံခါးတို့ကိုလည်းကောင်း၊ မြို့ရိုးကိုလည်းကောင်း တိုင်းခြင်းငှာ၊ တိုင်းစရာ ရွှေကျူလုံးပါ၏။- မြို့သည် စတုရန်း လေးထောင့်ဖြစ်၏။ ထိုသူသည် ကျူလုံးနှင့် မြို့ကိုတိုင်း၍ မြို့၏ အနံ၊ အလျား၊ အမြင့်၊ ယူဇနာတရာနှစ်ဆယ်စီ ရှိ၏။- မြို့ရိုးဒုကို တိုင်း၍၊ လူအတောင်ကဲ့သို့သော ကောင်းကင်တမန် အတောင်အားဖြင့်၊ တစ်ရာလေးဆယ် လေးတောင်ရှိ၏။- မြို့ရိုးကိုယ်သည် နဂါးသွဲ့ကျောက်ဖြစ်၏။ မြို့သည်လည်း ကြည်လင်သောဖန်နှင့် တူသော ရွှေစင်ဖြစ်၏။- မြို့ရိုးအမြစ်တို့သည် ကျောက်မြတ်အမျိုးမျိုးနှင့် ပြည့်စုံကြ၏။ ပထမအမြစ်ကား နဂါးသွဲ့ဖြစ်၏။ ဒုတိယ အမြစ်ကား နီလာ၊ တတိယအမြစ်ကား မဟူရာ၊ စတုတ္ထအမြစ်ကား မြ၊- ပဥ္စမအမြစ်ကား ကြောင်၊ ဆဋ္ဌမအမြစ်ကား ကျောက်နီ၊ သတ္တမအမြစ်ကား ခရုသုလိတ်၊ အဋ္ဌမ အမြစ်ကား မျက်ရွဲ၊ နဝမအမြစ်ကား ဥဿဖရား၊ ဒသမအမြစ်ကား ခရုသုပြတ်၊ ဧကဒသမ အမြစ်ကား ဝှါကိန္သု၊ ဒွါဒသမအမြစ်ကား ဂေါ်မိတ်ဖြစ်သတည်း။- တံခါးရွက် တစ်ဆယ်နှစ်ရွက် အသီးအသီးတို့သည် ပုလဲတစ်ပြားစီဖြင့်ပြီး၍ ပုလဲတစ်ဆယ်နှစ်ပြား ဖြစ်ကြ၏။ မြို့လမ်းမသည် ကြည်လင်သော ဖန်ကဲ့သို့သော ရွှေစင်ဖြစ်၏။ မြို့ထဲ၌ ဗိမာန်တော်ကိုငါမမြင်၊ အကြောင်းမူကား၊ အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူသော ထာဝရအရှင် ဘုရားသခင်နှင့် သိုးသငယ်သည် ထိုမြို့၏ ဗိမာန်ဖြစ်တော်မူ၏။- ထိုမြို့သည် နေ၏အရောင်၊ လ၏အရောင်ကို အလိုမရှိ။ အကြောင်းမူကား၊ ဘုရားသခင်၏ ဘုန်းတော်သည် ထိုမြို့ကို လင်းစေ၏။ သိုးသငယ်သည်လည်း ထိုမြို့၏ ဆီမီးဖြစ်၏။- လူအမျိုးမျိုးတို့သည် ထိုမြို့၏အလင်းကို အမှီပြု၍ သွားလာကြလိမ့်မည်။ လောကီရှင်ဘုရင် တို့သည်လည်း မိမိတို့ဘုန်းအသရေကို ထိုမြို့ထဲသို့ ဆောင်ခဲ့ကြလိမ့်မည်။- မြို့တံခါးတို့ကို နေ့အချိန်၌ အလျှင်းမပိတ်တတ်။ ညမူကား မရှိ။- လူအမျိုးမျိုးတို့သည် မိမိတို့ ဘုန်းအသရေကို ထိုမြို့ထဲသို့ ဆောင်ခဲ့ကြလိမ့်မည်။- ညစ်ညူးသောအရာ၊ စက်ဆုပ်ဖွယ်သောအရာ၊ သစ္စာပျက်သောအရာ တစ်စုံတစ်ခုမျှမဝင်ရဘဲ၊ သိုးသငယ်၏ အသက်စာစောင်၌ စာရင်းဝင်သော သူတို့သာလျှင် ဝင်ရ၏။
ဗျာဒိတ် 21 ကိုဖတ်ပါ။
နားထောင်ပါ။ ဗျာဒိတ် 21
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ဗျာဒိတ် 21:12-27
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ