YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဗျာဒိတ် 21:10-27

ဗျာဒိတ် 21:10-27 JBMLE

ကြီး​မြင့်​သော​တောင်​သို့ ဝိ​ညာဉ်​တော်​အား​ဖြင့် ငါ့​ကို ဆောင်​သွား၍ သန့်​ရှင်း​သော ယေ​ရု​ရှ​လင်​မြို့​သည် ဘု​ရား​သ​ခင်၏ ဘုန်း​တော်​နှင့် ပြည့်​စုံ​လျက်၊ ဘု​ရား​သ​ခင့် အ​ထံ​တော်၊ ကောင်း​ကင်​ဘုံ​မှ ဆင်း​သက်​သည်​ကို ငါ့​အား​ပြ​လေ၏။- ထို​မြို့၏ အ​ရောင်​အ​ဝါ​သည်၊ ကျောက်​သ​လင်း န​ဂါး​သွဲ့​ကဲ့​သို့၊ အ​မြတ်​ဆုံး​သော ကျောက်​မျက်​မွန်​နှင့် တူ၏။- ကြီး​မြင့်​သော မြို့​ရိုး​လည်း​ရှိ၏။ အ​ရှေ့​ဘက်၌ တံ​ခါး​သုံး​ပေါက်၊ မြောက်​ဘက်၌ သုံး​ပေါက်၊ တောင်​ဘက်၌​သုံး​ပေါက်၊ အ​နောက်​ဘက်၌ သုံး​ပေါက်၊ တံ​ခါး တစ်​ဆယ်​နှစ်​ပေါက်​ရှိ၏။ ထို​တံ​ခါး တစ်​ဆယ်​နှစ်​ပေါက်၌ ကောင်း​ကင်​တ​မန် တစ်​ဆယ်​နှစ်​ပါး ရှိ၏။ ဣ​သ​ရေ​လ​အ​မျိုး တစ်​ဆယ်​နှစ်​မျိုး၏ နာ​မ​တို့​သည် ထို​တံ​ခါး​ပေါ်၌ ရေး​ထား​လျက်​ရှိ၏။- မြို့​ရိုး​အ​မြစ်​သည် တစ်​ဆယ်​နှစ်​ထပ်​ရှိ၏။ သိုး​သ​ငယ်၏​တ​မန်​တော် တစ်​ဆယ်​နှစ်​ပါး၏ နာ​မ​တို့​သည် မြို့​ရိုး​အ​မြစ်​ပေါ်၌ ရေး​ထား​လျက်​ရှိ​ကြ၏။ ငါ​နှင့်​စ​ကား​ပြော​သော​သူ​သည်၊ မြို့​ကို​လည်း​ကောင်း၊ တံ​ခါး​တို့​ကို​လည်း​ကောင်း၊ မြို့​ရိုး​ကို​လည်း​ကောင်း တိုင်း​ခြင်း​ငှာ၊ တိုင်း​စ​ရာ ရွှေ​ကျူ​လုံး​ပါ၏။- မြို့​သည် စ​တု​ရန်း လေး​ထောင့်​ဖြစ်၏။ ထို​သူ​သည် ကျူ​လုံး​နှင့် မြို့​ကို​တိုင်း၍ မြို့၏ အ​နံ၊ အ​လျား၊ အ​မြင့်၊ ယူ​ဇ​နာ​တ​ရာ​နှစ်​ဆယ်​စီ ရှိ၏။- မြို့​ရိုး​ဒု​ကို တိုင်း၍၊ လူ​အ​တောင်​ကဲ့​သို့​သော ကောင်း​ကင်​တ​မန် အ​တောင်​အား​ဖြင့်၊ တစ်​ရာ​လေး​ဆယ် လေး​တောင်​ရှိ၏။- မြို့​ရိုး​ကိုယ်​သည် န​ဂါး​သွဲ့​ကျောက်​ဖြစ်၏။ မြို့​သည်​လည်း ကြည်​လင်​သော​ဖန်​နှင့် တူ​သော ရွှေ​စင်​ဖြစ်၏။- မြို့​ရိုး​အ​မြစ်​တို့​သည် ကျောက်​မြတ်​အ​မျိုး​မျိုး​နှင့် ပြည့်​စုံ​ကြ၏။ ပ​ထ​မ​အ​မြစ်​ကား န​ဂါး​သွဲ့​ဖြစ်၏။ ဒု​တိ​ယ အ​မြစ်​ကား နီ​လာ၊ တ​တိ​ယ​အ​မြစ်​ကား မ​ဟူ​ရာ၊ စ​တု​တ္ထ​အ​မြစ်​ကား မြ၊- ပ​ဥ္စ​မ​အ​မြစ်​ကား ကြောင်၊ ဆ​ဋ္ဌ​မ​အ​မြစ်​ကား ကျောက်​နီ၊ သ​တ္တ​မ​အ​မြစ်​ကား ခ​ရု​သု​လိတ်၊ အ​ဋ္ဌ​မ အ​မြစ်​ကား မျက်​ရွဲ၊ န​ဝ​မ​အ​မြစ်​ကား ဥဿ​ဖ​ရား၊ ဒ​သ​မ​အ​မြစ်​ကား ခ​ရု​သု​ပြတ်၊ ဧ​က​ဒ​သ​မ အ​မြစ်​ကား ဝှါ​ကိ​န္သု၊ ဒွါ​ဒ​သ​မ​အ​မြစ်​ကား ဂေါ်​မိတ်​ဖြစ်​သ​တည်း။- တံ​ခါး​ရွက် တစ်​ဆယ်​နှစ်​ရွက် အ​သီး​အ​သီး​တို့​သည် ပု​လဲ​တစ်​ပြား​စီ​ဖြင့်​ပြီး၍ ပု​လဲ​တစ်​ဆယ်​နှစ်​ပြား ဖြစ်​ကြ၏။ မြို့​လမ်း​မ​သည် ကြည်​လင်​သော ဖန်​ကဲ့​သို့​သော ရွှေ​စင်​ဖြစ်၏။ မြို့​ထဲ၌ ဗိ​မာန်​တော်​ကို​ငါ​မ​မြင်၊ အ​ကြောင်း​မူ​ကား၊ အ​န​န္တ​တန်​ခိုး​နှင့် ပြည့်​စုံ​တော်​မူ​သော ထာ​ဝ​ရ​အ​ရှင် ဘု​ရား​သ​ခင်​နှင့် သိုး​သ​ငယ်​သည် ထို​မြို့၏ ဗိ​မာန်​ဖြစ်​တော်​မူ၏။- ထို​မြို့​သည် နေ၏​အ​ရောင်၊ လ၏​အ​ရောင်​ကို အ​လို​မ​ရှိ။ အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင်၏ ဘုန်း​တော်​သည် ထို​မြို့​ကို လင်း​စေ၏။ သိုး​သ​ငယ်​သည်​လည်း ထို​မြို့၏ ဆီ​မီး​ဖြစ်၏။- လူ​အ​မျိုး​မျိုး​တို့​သည် ထို​မြို့၏​အ​လင်း​ကို အ​မှီ​ပြု၍ သွား​လာ​ကြ​လိမ့်​မည်။ လော​ကီ​ရှင်​ဘု​ရင် တို့​သည်​လည်း မိ​မိ​တို့​ဘုန်း​အ​သ​ရေ​ကို ထို​မြို့​ထဲ​သို့ ဆောင်​ခဲ့​ကြ​လိမ့်​မည်။- မြို့​တံ​ခါး​တို့​ကို နေ့​အ​ချိန်၌ အ​လျှင်း​မ​ပိတ်​တတ်။ ည​မူ​ကား မ​ရှိ။- လူ​အ​မျိုး​မျိုး​တို့​သည် မိ​မိ​တို့ ဘုန်း​အ​သ​ရေ​ကို ထို​မြို့​ထဲ​သို့ ဆောင်​ခဲ့​ကြ​လိမ့်​မည်။- ညစ်​ညူး​သော​အ​ရာ၊ စက်​ဆုပ်​ဖွယ်​သော​အ​ရာ၊ သ​စ္စာ​ပျက်​သော​အ​ရာ တစ်​စုံ​တစ်​ခု​မျှ​မ​ဝင်​ရ​ဘဲ၊ သိုး​သ​ငယ်၏ အ​သက်​စာ​စောင်၌ စာ​ရင်း​ဝင်​သော သူ​တို့​သာ​လျှင် ဝင်​ရ၏။