YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဗျာဒိတ် 20:1-15

ဗျာဒိတ် 20:1-15 JBMLE

တစ်​ဖန် ကောင်း​ကင်​တ​မန်​သည် အ​နက်​ဆုံး​သော​တွင်း၏ သော့​နှင့် သံ​ကြိုး​ကြီး​ကို​ကိုင်​လျက် ကောင်း​ကင်​က ဆင်း​သက်​သည်​ကို ငါ​မြင်၏။- ရှေး​မြွေ​ဟောင်း၊ မာရ်​နတ်​စာ​တန်​တည်း​ဟူ​သော န​ဂါး​ကို ကိုင်​ဖမ်း၍၊ အ​နှစ်​တစ်​ထောင်​ဖို့ ချည်​နှောင်​လေ၏။- အ​နှစ်​တစ်​ထောင် မ​ကုန်​မီ​တိုင်​အောင်၊ လူ​အ​မျိုး​မျိုး​တို့​ကို မ​လှည့်​ဖြား​ရ​မည်​အ​ကြောင်း၊ အ​နက်​ဆုံး​သော တွင်း​ထဲ​သို့ ချ​ပစ်​လှောင်​ထား၍ တံ​ဆိပ်​ခတ်​လေ၏။ အ​နှစ်​တစ်​ထောင်​ကုန်​ပြီး​မှ တစ်​ဖန် ခ​ဏ​လွှတ်​ရ​ဦး​မည်။ ပ​လ္လင်​များ​ကို​လည်း ငါ​မြင်၏။ ပ​လ္လင်​ပေါ်​မှာ ထိုင်​သော သူ​တို့​သည် တ​ရား​စီ​ရင်​ရ​သော အ​ခွင့်​ကို ရ​ကြ၏။ သား​ရဲ​နှင့် သူ၏​ရုပ်​တု​ကို မ​ကိုး​ကွယ်၊ သူ၏ တံ​ဆိပ်​လက်​မှတ်​ကို န​ဖူး၌​မ​ခံ၊ လက်၌​မ​ခံ​ဘဲ​နေ၍ ယေ​ရှု၏ သက်​သေ​ခံ​တော်​မူ​ချက်​နှင့် ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တော်​ကြောင့်၊ လည်​ပင်း​ဖြတ်​ခြင်း​ကို ခံ​ရ​သော သူ​တို့၏ ဝိ​ညာဉ်​များ​ကို ငါ​မြင်၏။ သူ​တို့​သည် အ​သက်​ရှင်၍ အ​နှစ်​တစ်​ထောင်​ပတ်​လုံး ခ​ရစ်​တော်​နှင့်​အ​တူ စိုး​စံ​ရ​ကြ၏။- ကြွင်း​သော လူ​သေ​တို့​သည် ထို​အ​နှစ်​တစ်​ထောင် မ​ကုန်​မီ အ​သက်​မ​ရှင်​ရ​ကြ။ ဤ​ထ​မြောက်​ခြင်း​ကား၊ ပ​ထ​မထ​မြောက်​ခြင်း ဖြစ်​သ​တည်း။- ပ​ထ​မထ​မြောက်​ခြင်း​ကို ဝင်​စား​သော သူ​သည် မင်္ဂ​လာ​ရှိ​သော​သူ၊ သန့်​ရှင်း​သော​သူ ဖြစ်၏။ ထို​သို့​သော​သူ​သည် ဒု​တိ​ယ​သေ​ခြင်း၏ လက်​နှင့် ကင်း​လွတ်​လျက်၊ ဘု​ရား​သ​ခင်၏ ယဇ်​ပု​ရော​ဟိတ်၊ ခ​ရစ်​တော်၏ ယဇ်​ပု​ရော​ဟိတ်​ဖြစ်၍ အ​နှစ်​တစ်​ထောင်​ပတ်​လုံး ခ​ရစ်​တော်​နှင့်​အ​တူ စိုး​စံ​ရ​ကြ​လိမ့်​မည်။ ထို​အ​နှစ်​တစ်​ထောင်​ကုန်​ပြီး​မှ၊ စာ​တန်​သည် ထောင်​ထဲ​က လွှတ်​သော​အ​ခွင့်​ကို ရ၍၊- အ​ရေ​အ​တွက်​အား​ဖြင့် သ​မု​ဒ္ဒ​ရာ​သဲ​လုံး​နှင့်​အ​မျှ များ​သော​ဂေါ​ဂ၊ မာ​ဂေါ​ဂ​တည်း​ဟူ​သော မြေ​ကြီး လေး​မျက်​နှာ​ပေါ်​မှာ​နေ​သော လူ​အ​မျိုး​မျိုး​တို့​ကို လှည့်​ဖြား​အံ့​သော​ငှာ​လည်း​ကောင်း၊ စစ်​တိုက်​ဖို့ စည်း​ဝေး​စေ​ခြင်း​ငှာ​လည်း​ကောင်း တက်​လိမ့်​မည်။- ထို​သူ​များ​တို့​သည် မြေ​ကြီး​မျက်​နှာ​ပေါ်​သို့ တက်၍၊ သန့်​ရှင်း​သူ​တို့၏ တပ်​ကို​လည်း​ကောင်း၊ ချစ်​ဖွယ်​သော မြို့​တော်​ကို​လည်း​ကောင်း၊ ဝိုင်း​ကြ၏။ ထို​အ​ခါ ဘု​ရား​သ​ခင့်​အ​ထံ​တော်၊ ကောင်း​ကင်​မှ မီး​ကျ၍ သူ​တို့​ကို​မျို​လေ၏။- သူ​တို့​ကို​လှည့်​ဖြား​သော မာရ်​နတ်​ကို​လည်း၊ သား​ရဲ​နှင့် မိ​စ္ဆာ​ပ​ရော​ဖက်​ရှိ​ရာ၊ ကန့်​နှင့်​ရော​နှော​သော မီး​အိုင်​ထဲ​သို့ ချ​ပစ်​လျှင်၊ သူ​တို့​သည် နေ့​ည​မ​ပြတ် က​မ္ဘာ​အ​ဆက်​ဆက် ပြင်း​စွာ​သော ဝေ​ဒ​နာ​ကို ခံ​ရ​ကြ​လ​တ္တံ့။ တစ်​ဖန်​တုံ၊ ဖြူ​သော​ပ​လ္လင်​ကြီး​ကို​လည်း​ကောင်း၊ ပ​လ္လင်​ပေါ်​မှာ ထိုင်​တော်​မူ​သော​သူ​ကို​လည်း​ကောင်း ငါ​မြင်၏။ ကောင်း​ကင်​နှင့် မြေ​ကြီး​သည် မျက်​နှာ​တော်​ရှေ့​မှ ပြေး​လွင့်၍ သူ​တို့ နေ​စ​ရာ​အ​ရပ်​မ​ရှိ။- သေ​လွန်​သော​သူ အ​ကြီး​အ​ငယ်​တို့​သည် ပ​လ္လင်​တော်​ရှေ့​မှာ ရပ်​န​ကြ​သည်​ကို ငါ​မြင်၏။ စာ​စောင်​များ​ကို ဖွင့်​ထား၏။ အ​သက်​စာ​စောင်​တည်း​ဟူ​သော အ​ခြား​တစ်​ပါး​သော စာ​စောင်​ကို​လည်း ဖွင့်​လေ၏။ သေ​လွန်​သော​သူ​တို့​သည် မိ​မိ​တို့​အ​ကျင့်​အ​တိုင်း၊ စာ​စောင်​တို့၌ ရေး​ထား​ချက်​များ​နှင့်​အ​ညီ တ​ရား​စီ​ရင်​ခြင်း​ကို ခံ​ရ​ကြ၏။- သ​မု​ဒ္ဒ​ရာ​သည် မိ​မိ၌​ရှိ​သော လူ​သေ​တို့​ကို အပ်​ပေး၏။ မ​ရ​ဏ​နှင့် မ​ရ​ဏ​နိုင်​ငံ​သည်​လည်း မိ​မိ​တို့၌​ရှိ​သော လူ​သေ​တို့​ကို အပ်​ပေး​ကြ၏။ လူ​အ​သီး​အ​သီး တို့​သည် မိ​မိ​တို့​အ​ကျင့်​အ​တိုင်း တ​ရား​စီ​ရင်​ခြင်း​ကို ခံ​ရ​ကြ၏။- ထို​အ​ခါ မ​ရ​ဏ​နှင့် မ​ရ​ဏ​နိုင်​ငံ​ကို မီး​အိုင်​ထဲ​သို့ ချ​ပစ်​လေ၏။ ထို​သေ​ခြင်း​ကား ဒု​တိ​ယ​သေ​ခြင်း ဖြစ်​သ​တည်း။- အ​သက်​စာ​စောင်၌ စာ​ရင်း​မ​ဝင်​သော​သူ ရှိ​သ​မျှ​တို့​ကို​လည်း မီး​အိုင်​ထဲ​သို့ ချ​ပစ်​လေ၏။