YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဗျာဒိတ် 2:8-17

ဗျာဒိတ် 2:8-17 JBMLE

စ​မု​ရ​န​မြို့၌​ရှိ​သော အ​သင်း​တော်၏ တ​မန်​ကို ဤ​သို့​ရေး၍ မှာ​လိုက်​လော့။ အ​ဦး​ဆုံး​သော​သူ၊ နောက်​ဆုံး​သော သူ​တည်း​ဟူ​သော၊ အ​ရင်​သေ၍ အ​သက်​ရှင်​လျက်​ရှိ​သော သူ၏ အ​မိန့်​တော်​ကား၊- သင်​အ​ကျင့်​ကျင့်​ခြင်း၊ ဒု​က္ခ​ခံ​ခြင်း၊ ဆင်း​ရဲ​ခြင်း​ကို ငါ​သိ၏။ သို့​သော်​လည်း၊ သင်​သည် ကြွယ်​ဝ​ပြည့်​စုံ​ခြင်း ရှိ၏။ ယု​ဒ​လူ​ဖြစ်​ယောင်​ဆောင်၍ ယု​ဒ​လူ​မှန်​မ​ဟုတ်၊ စာ​တန်၏ အ​ပေါင်း​အ​သင်း​ဖြစ်​သော သူ​တို့၏ ကဲ့​ရဲ့​ခြင်း​ကို​လည်း ငါ​သိ၏။- သင်​သည် ခံ​ရ​မည့်​အ​ရာ တစ်​စုံ​တစ်​ခု​ကို​မျှ မ​ကြောက်​နှင့်။ သင်​တို့​သည် စုံ​စမ်း​ခြင်း​ကို​ခံ​ရ​မည်​အ​ကြောင်း၊ မာရ်​နတ်​သည် သင်​တို့​တွင် အ​ချို့​ကို ထောင်​ထဲ၌ လှောင်​ထား၍၊ သင်​တို့​သည် ဆယ်​ရက်​ပတ်​လုံး ဆင်း​ရဲ​ဒု​က္ခ​ကို ခံ​ရ​ကြ​လိမ့်​မည်။ သေ​သည်​တိုင်​အောင် သ​စ္စာ​စောင့်​လော့။ သို့​ဖြစ်​လျှင်၊ အ​သက်​သ​ရ​ဖူ​ကို ငါ​ပေး​မည်။- ဝိ​ညာဉ်​တော်​သည် အ​သင်း​တော်​တို့​အား အ​ဘယ်​သို့ မိန့်​တော်​မူ​သည်​ကို နား​ရှိ​သော​သူ​မည်​သည်​ကား ကြား​ပါ​စေ။ အောင်​မြင်​သော​သူ​ကို ဒု​တိ​ယ​သေ​ခြင်း​သည် မ​ညှဉ်း​ဆဲ​ရ။ ပေ​ရ​ဂံ​မြို့၌​ရှိ​သော အ​သင်း​တော်၏ တ​မန်​ကို ဤ​သို့​ရေး၍ မှာ​လိုက်​လော့။ ထက်​သော​သန်​လျက်​ရှိ​သော သူ၏ အ​မိန့်​တော်​ကား၊- သင်​အ​ကျင့်​ကျင့်​ခြင်း​ကို​လည်း​ကောင်း၊ စာ​တန်၏ ရာ​ဇ​ပ​လ္လင်​ရှိ​ရာ အ​ရပ်​တည်း​ဟူ​သော သင်၏​နေ​ရာ​အ​ရပ်​ကို​လည်း​ကောင်း ငါ​သိ၏။ စာ​တန်၏ နေ​ရာ​အ​ရပ်၌ သင်​တို့​တွင် အ​သေ​သတ်​ခြင်း​ကို​ခံ​ရ​သော အ​န္တိ​ပ​သည် သ​စ္စာ​ရှိ၍ ငါ့​ဘက်၌​သက်​သေ​ခံ​ရ​သော နေ့​ရက်​ကာ​လ​တွင်​ပင်၊ သင်​သည် ငါ၏​နာ​မ​ကို စွဲ​ကိုင်၏။ ငါ၏​ယုံ​ကြည်​ခြင်း​တ​ရား​ကို မ​စွန့်​မ​ပယ်။- သို့​သော်​လည်း ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ရုပ်​တု​ရှေ့​မှာ ပူ​ဇော်​သော​ယဇ်​ကောင်​ကို စား​စေ​ခြင်း​ငှာ လည်း​ကောင်း၊ မ​တ​ရား​သော မေ​ထုန်​ကို ပြု​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ထိ​မိ၍ လဲ​စ​ရာ​အ​ရာ​ကို သူ​တို့​ရှေ့၌ ချ​ထား​မည်​အ​ကြောင်း၊ ဗာ​လက်​မင်း​ကို အ​ကြံ​ပေး​သော​သူ​တည်း​ဟူ​သော ဗာ​လမ်၏​အ​ယူ​ကို စွဲ​လမ်း​သော​သူ​တို့​သည် သင်၏​နေ​ရာ၌​ရှိ​ကြ​သည်​ဖြစ်၍၊ သင်၌ အ​နည်း​ငယ်​သော​အ​ပြစ်​တင်​စ​ရာ ရှိ၏။- ထို​အ​ယူ​နှင့်​သ​ဘော​တူ​သော နိ​ကော​လ​တ​ပည့်​တို့၏ အ​ယူ​ကို စွဲ​လမ်း​သော​သူ​တို့​သည် ထို​နည်း​တူ သင်၌​ရှိ​ကြ၏။- ထို​ကြောင့် နောင်​တ​ရ​လော့။ မ​ရ​လျှင် သင်​ရှိ​ရာ​သို့​ငါ​သည် အ​လျင်​အ​မြန်​လာ​မည်။ ထို​သူ​တို့​ကို ငါ့​ခံ​တွင်း၏​သန်​လျက်​နှင့် စစ်​တိုက်​မည်။- ဝိ​ညာဉ်​တော်​သည် အ​သင်း​တော်​တို့​အား အ​ဘယ်​သို့ မိန့်​တော်​မူ​သည်​ကို၊ နား​ရှိ​သော​သူ​မည်​သည်​ကား ကြား​ပါ​စေ။ အ​ကြင်​သူ​သည် အောင်​မြင်၏။ ဝှက်​ထား​သော မ​န္န​ကို​လည်း​ကောင်း၊ ကျောက်​ဖြူ​လက်​ဖွဲ့​ကို​လည်း​ကောင်း၊ ထို​ကျောက်​ပေါ်၌ အ​က္ခ​ရာ​တင်​သော နာ​မ​သစ်​ကို​လည်း​ကောင်း ထို​သူ​အား ငါ​ပေး​မည်။ ထို​ကျောက်​ကို ရ​သော​သူ​မှ​တစ်​ပါး အ​ဘယ်​သူ​မျှ ထို​နာ​မ​ကို မ​သိ​နိုင်​ရာ။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။