YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဗျာဒိတ် 2:1-7

ဗျာဒိတ် 2:1-7 JBMLE

ဧ​ဖက်​မြို့၌​ရှိ​သော အ​သင်း​တော်၏​တ​မန်​ကို ဤ​သို့ ရေး၍​မှာ လိုက်​လော့။ လက်​ယာ​လက်၌ ကြယ်​ခု​နစ်​လုံး​ကို​ကိုင်၍၊ ရွှေ​မီး​ခွက်​ခု​နစ်​လုံး​အ​လယ်၌ သွား​လာ​သော​သူ၏ အ​မိန့်​တော်​ကား၊ သင်​အ​ကျင့်​ကျင့်​ခြင်း၊ ပင်​ပန်း​စွာ လုပ်​ဆောင်​ခြင်း၊ သည်း​ခံ​ခြင်း​ကို ငါ​သိ၏။- သင်​သည် မ​တ​ရား​သော​သူ​တို့​ကို လက်​မ​ခံ​နိုင်​ကြောင်း​ကို​လည်း​ကောင်း၊ တ​မန်​တော်​မ​ဟုတ်​ဘဲ၊ တ​မန်​တော် ဖြစ်​ယောင်​ဆောင်​သော​သူ​တို့​ကို စစ်​ဆေး၍ လှည့်​ဖြား​သော​သူ​ဖြစ်​သည်​ဟု သိ​ကြောင်း​ကို​လည်း​ကောင်း၊- ခ​န္တီ​နှင့်​ပြည့်​စုံ၍၊ ငါ၏​နာ​မ​ကြောင့် ဆင်း​ရဲ​ခံ၍ အား​မ​လျော့​ကြောင်း​ကို​လည်း​ကောင်း ငါ​သိ၏။- သို့​သော်​လည်း၊ သင်​သည် ရှေ့​ဦး​စွာ​သော ချစ်​ခြင်း​မေ​တ္တာ​လျော့​ပြီ​ဟု သင်၌ အ​ပြစ်​တင်​စ​ရာ​ရှိ၏။- ထို​ကြောင့်၊ သင်​သည်​မ​ရွေ့​လျော့​မီ၊ အ​ရင်​နေ​ရာ အ​ရပ်​ကို အောက်​မေ့​လော့၊ နောင်​တ​ရ​လော့။ ရှေ့​ဦး​စွာ​သော အ​ကျင့်​ကို ကျင့်​လော့၊ သို့​မ​ဟုတ် သင်​ရှိ​ရာ​သို့ ငါ​သည် အ​လျင်​အ​မြန်​လာ​မည်။ နောင်​တ​မ​ရ​လျှင်၊ သင်၏​မီး​ခွက်​ကို နေ​ရာ​မှ​ရွှေ့​မည်။- သို့​သော်​လည်း ငါ​မုန်း​သော​နိ​ကော​လ တ​ပည့်​တို့၏ အ​ကျင့်​ကို သင်​လည်း​မုန်း​သည်​ဟု ပြော​စ​ရာ​ရှိ၏။- ဝိ​ညာဉ်​တော်​သည် အ​သင်း​တော်​တို့​အား အ​ဘယ်​သို့ မိန့်​တော်​မူ​သည်​ကို၊ နား​ရှိ​သော​သူ​မည်​သည်​ကား ကြား​ပါ​စေ။ အ​ကြင်​သူ​သည် အောင်​မြင်၏။ ထို​သူ​သည် ငါ၏​ဘု​ရား​သ​ခင် ပ​ရ​ဒိ​သု​ဥ​ယျာဉ်၌ ရှိ​သော အ​သက်​ပင်၏​အ​သီး​ကို စား​စေ​ခြင်း​ငှာ ငါအ​ခွင့်​ပေး​မည်။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။