ဧဖက်မြို့၌ရှိသော အသင်းတော်၏တမန်ကို ဤသို့ ရေး၍မှာ လိုက်လော့။ လက်ယာလက်၌ ကြယ်ခုနစ်လုံးကိုကိုင်၍၊ ရွှေမီးခွက်ခုနစ်လုံးအလယ်၌ သွားလာသောသူ၏ အမိန့်တော်ကား၊ သင်အကျင့်ကျင့်ခြင်း၊ ပင်ပန်းစွာ လုပ်ဆောင်ခြင်း၊ သည်းခံခြင်းကို ငါသိ၏။- သင်သည် မတရားသောသူတို့ကို လက်မခံနိုင်ကြောင်းကိုလည်းကောင်း၊ တမန်တော်မဟုတ်ဘဲ၊ တမန်တော် ဖြစ်ယောင်ဆောင်သောသူတို့ကို စစ်ဆေး၍ လှည့်ဖြားသောသူဖြစ်သည်ဟု သိကြောင်းကိုလည်းကောင်း၊- ခန္တီနှင့်ပြည့်စုံ၍၊ ငါ၏နာမကြောင့် ဆင်းရဲခံ၍ အားမလျော့ကြောင်းကိုလည်းကောင်း ငါသိ၏။- သို့သော်လည်း၊ သင်သည် ရှေ့ဦးစွာသော ချစ်ခြင်းမေတ္တာလျော့ပြီဟု သင်၌ အပြစ်တင်စရာရှိ၏။- ထိုကြောင့်၊ သင်သည်မရွေ့လျော့မီ၊ အရင်နေရာ အရပ်ကို အောက်မေ့လော့၊ နောင်တရလော့။ ရှေ့ဦးစွာသော အကျင့်ကို ကျင့်လော့၊ သို့မဟုတ် သင်ရှိရာသို့ ငါသည် အလျင်အမြန်လာမည်။ နောင်တမရလျှင်၊ သင်၏မီးခွက်ကို နေရာမှရွှေ့မည်။
ဗျာဒိတ် 2 ကိုဖတ်ပါ။
နားထောင်ပါ။ ဗျာဒိတ် 2
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ဗျာဒိတ် 2:1-5
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ