YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဗျာဒိတ် 2

2
ဧ​ဖက်​အ​သင်း​တော်​သို့
1ဧ​ဖက်​မြို့၌​ရှိ​သော အ​သင်း​တော်၏​တ​မန်​ကို ဤ​သို့ ရေး၍​မှာ လိုက်​လော့။ လက်​ယာ​လက်၌ ကြယ်​ခု​နစ်​လုံး​ကို​ကိုင်၍၊ ရွှေ​မီး​ခွက်​ခု​နစ်​လုံး​အ​လယ်၌ သွား​လာ​သော​သူ၏ အ​မိန့်​တော်​ကား၊ သင်​အ​ကျင့်​ကျင့်​ခြင်း၊ ပင်​ပန်း​စွာ လုပ်​ဆောင်​ခြင်း၊ သည်း​ခံ​ခြင်း​ကို ငါ​သိ၏။- 2သင်​သည် မ​တ​ရား​သော​သူ​တို့​ကို လက်​မ​ခံ​နိုင်​ကြောင်း​ကို​လည်း​ကောင်း၊ တ​မန်​တော်​မ​ဟုတ်​ဘဲ၊ တ​မန်​တော် ဖြစ်​ယောင်​ဆောင်​သော​သူ​တို့​ကို စစ်​ဆေး၍ လှည့်​ဖြား​သော​သူ​ဖြစ်​သည်​ဟု သိ​ကြောင်း​ကို​လည်း​ကောင်း၊- 3ခ​န္တီ​နှင့်​ပြည့်​စုံ၍၊ ငါ၏​နာ​မ​ကြောင့် ဆင်း​ရဲ​ခံ၍ အား​မ​လျော့​ကြောင်း​ကို​လည်း​ကောင်း ငါ​သိ၏။- 4သို့​သော်​လည်း၊ သင်​သည် ရှေ့​ဦး​စွာ​သော ချစ်​ခြင်း​မေ​တ္တာ​လျော့​ပြီ​ဟု သင်၌ အ​ပြစ်​တင်​စ​ရာ​ရှိ၏။- 5ထို​ကြောင့်၊ သင်​သည်​မ​ရွေ့​လျော့​မီ၊ အ​ရင်​နေ​ရာ အ​ရပ်​ကို အောက်​မေ့​လော့၊ နောင်​တ​ရ​လော့။ ရှေ့​ဦး​စွာ​သော အ​ကျင့်​ကို ကျင့်​လော့၊ သို့​မ​ဟုတ် သင်​ရှိ​ရာ​သို့ ငါ​သည် အ​လျင်​အ​မြန်​လာ​မည်။ နောင်​တ​မ​ရ​လျှင်၊ သင်၏​မီး​ခွက်​ကို နေ​ရာ​မှ​ရွှေ့​မည်။- 6သို့​သော်​လည်း ငါ​မုန်း​သော​နိ​ကော​လ တ​ပည့်​တို့၏ အ​ကျင့်​ကို သင်​လည်း​မုန်း​သည်​ဟု ပြော​စ​ရာ​ရှိ၏။- 7ဝိ​ညာဉ်​တော်​သည် အ​သင်း​တော်​တို့​အား အ​ဘယ်​သို့ မိန့်​တော်​မူ​သည်​ကို၊ နား​ရှိ​သော​သူ​မည်​သည်​ကား ကြား​ပါ​စေ။ အ​ကြင်​သူ​သည် အောင်​မြင်၏။ ထို​သူ​သည် ငါ၏​ဘု​ရား​သ​ခင် ပ​ရ​ဒိ​သု​ဥ​ယျာဉ်၌ ရှိ​သော အ​သက်​ပင်၏​အ​သီး​ကို စား​စေ​ခြင်း​ငှာ ငါအ​ခွင့်​ပေး​မည်။#က၊ ၂:၉။ ဗျာ၊ ၂၂:၂။
စ​မု​ရ​န​အ​သင်း​တော်​သို့
8စ​မု​ရ​န​မြို့၌​ရှိ​သော အ​သင်း​တော်၏ တ​မန်​ကို ဤ​သို့​ရေး၍ မှာ​လိုက်​လော့။ အ​ဦး​ဆုံး​သော​သူ၊ နောက်​ဆုံး​သော သူ​တည်း​ဟူ​သော၊ အ​ရင်​သေ၍ အ​သက်​ရှင်​လျက်​ရှိ​သော သူ၏ အ​မိန့်​တော်​ကား၊-#ဟေ​ရှာ၊ ၄၄:၆၊ ၄၈:၁၂။ ဗျာ၊ ၁:၁၇၊ ၂၂:၁၃။ 9သင်​အ​ကျင့်​ကျင့်​ခြင်း၊ ဒု​က္ခ​ခံ​ခြင်း၊ ဆင်း​ရဲ​ခြင်း​ကို ငါ​သိ၏။ သို့​သော်​လည်း၊ သင်​သည် ကြွယ်​ဝ​ပြည့်​စုံ​ခြင်း ရှိ၏။ ယု​ဒ​လူ​ဖြစ်​ယောင်​ဆောင်၍ ယု​ဒ​လူ​မှန်​မ​ဟုတ်၊ စာ​တန်၏ အ​ပေါင်း​အ​သင်း​ဖြစ်​သော သူ​တို့၏ ကဲ့​ရဲ့​ခြင်း​ကို​လည်း ငါ​သိ၏။- 10သင်​သည် ခံ​ရ​မည့်​အ​ရာ တစ်​စုံ​တစ်​ခု​ကို​မျှ မ​ကြောက်​နှင့်။ သင်​တို့​သည် စုံ​စမ်း​ခြင်း​ကို​ခံ​ရ​မည်​အ​ကြောင်း၊ မာရ်​နတ်​သည် သင်​တို့​တွင် အ​ချို့​ကို ထောင်​ထဲ၌ လှောင်​ထား၍၊ သင်​တို့​သည် ဆယ်​ရက်​ပတ်​လုံး ဆင်း​ရဲ​ဒု​က္ခ​ကို ခံ​ရ​ကြ​လိမ့်​မည်။ သေ​သည်​တိုင်​အောင် သ​စ္စာ​စောင့်​လော့။ သို့​ဖြစ်​လျှင်၊ အ​သက်​သ​ရ​ဖူ​ကို ငါ​ပေး​မည်။- 11ဝိ​ညာဉ်​တော်​သည် အ​သင်း​တော်​တို့​အား အ​ဘယ်​သို့ မိန့်​တော်​မူ​သည်​ကို နား​ရှိ​သော​သူ​မည်​သည်​ကား ကြား​ပါ​စေ။ အောင်​မြင်​သော​သူ​ကို ဒု​တိ​ယ​သေ​ခြင်း​သည် မ​ညှဉ်း​ဆဲ​ရ။#ဗျာ၊ ၂၀:၁၄၊ ၂၁:၈။
ပေ​ရ​ဂံ​အ​သင်း​တော်​သို့
12ပေ​ရ​ဂံ​မြို့၌​ရှိ​သော အ​သင်း​တော်၏ တ​မန်​ကို ဤ​သို့​ရေး၍ မှာ​လိုက်​လော့။ ထက်​သော​သန်​လျက်​ရှိ​သော သူ၏ အ​မိန့်​တော်​ကား၊- 13သင်​အ​ကျင့်​ကျင့်​ခြင်း​ကို​လည်း​ကောင်း၊ စာ​တန်၏ ရာ​ဇ​ပ​လ္လင်​ရှိ​ရာ အ​ရပ်​တည်း​ဟူ​သော သင်၏​နေ​ရာ​အ​ရပ်​ကို​လည်း​ကောင်း ငါ​သိ၏။ စာ​တန်၏ နေ​ရာ​အ​ရပ်၌ သင်​တို့​တွင် အ​သေ​သတ်​ခြင်း​ကို​ခံ​ရ​သော အ​န္တိ​ပ​သည် သ​စ္စာ​ရှိ၍ ငါ့​ဘက်၌​သက်​သေ​ခံ​ရ​သော နေ့​ရက်​ကာ​လ​တွင်​ပင်၊ သင်​သည် ငါ၏​နာ​မ​ကို စွဲ​ကိုင်၏။ ငါ၏​ယုံ​ကြည်​ခြင်း​တ​ရား​ကို မ​စွန့်​မ​ပယ်။- 14သို့​သော်​လည်း ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ရုပ်​တု​ရှေ့​မှာ ပူ​ဇော်​သော​ယဇ်​ကောင်​ကို စား​စေ​ခြင်း​ငှာ လည်း​ကောင်း၊ မ​တ​ရား​သော မေ​ထုန်​ကို ပြု​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ထိ​မိ၍ လဲ​စ​ရာ​အ​ရာ​ကို သူ​တို့​ရှေ့၌ ချ​ထား​မည်​အ​ကြောင်း၊ ဗာ​လက်​မင်း​ကို အ​ကြံ​ပေး​သော​သူ​တည်း​ဟူ​သော ဗာ​လမ်၏​အ​ယူ​ကို စွဲ​လမ်း​သော​သူ​တို့​သည် သင်၏​နေ​ရာ၌​ရှိ​ကြ​သည်​ဖြစ်၍၊ သင်၌ အ​နည်း​ငယ်​သော​အ​ပြစ်​တင်​စ​ရာ ရှိ၏။-#တော၊ ၂၂:၅၊၇၊ ၃၁:၁၆။ တ​ရား၊ ၂၃:၄။ တော၊ ၂၅:၁-၃။ 15ထို​အ​ယူ​နှင့်​သ​ဘော​တူ​သော နိ​ကော​လ​တ​ပည့်​တို့၏ အ​ယူ​ကို စွဲ​လမ်း​သော​သူ​တို့​သည် ထို​နည်း​တူ သင်၌​ရှိ​ကြ၏။- 16ထို​ကြောင့် နောင်​တ​ရ​လော့။ မ​ရ​လျှင် သင်​ရှိ​ရာ​သို့​ငါ​သည် အ​လျင်​အ​မြန်​လာ​မည်။ ထို​သူ​တို့​ကို ငါ့​ခံ​တွင်း၏​သန်​လျက်​နှင့် စစ်​တိုက်​မည်။- 17ဝိ​ညာဉ်​တော်​သည် အ​သင်း​တော်​တို့​အား အ​ဘယ်​သို့ မိန့်​တော်​မူ​သည်​ကို၊ နား​ရှိ​သော​သူ​မည်​သည်​ကား ကြား​ပါ​စေ။ အ​ကြင်​သူ​သည် အောင်​မြင်၏။ ဝှက်​ထား​သော မ​န္န​ကို​လည်း​ကောင်း၊ ကျောက်​ဖြူ​လက်​ဖွဲ့​ကို​လည်း​ကောင်း၊ ထို​ကျောက်​ပေါ်၌ အ​က္ခ​ရာ​တင်​သော နာ​မ​သစ်​ကို​လည်း​ကောင်း ထို​သူ​အား ငါ​ပေး​မည်။ ထို​ကျောက်​ကို ရ​သော​သူ​မှ​တစ်​ပါး အ​ဘယ်​သူ​မျှ ထို​နာ​မ​ကို မ​သိ​နိုင်​ရာ။#ထွ၊ ၁၆:၁၄-၁၅၊ ၁၆:၃၃-၃၄။ ယော၊ ၆:၄၈-၅၀။ ဟေ​ရှာ၊ ၆၂:၂၊ ၆၅:၁၅။
သွာ​တိ​ရ​အ​သင်း​တော်​သို့
18သွာ​တိ​ရ​မြို့၌​ရှိ​သော အ​သင်း​တော်၏ တ​မန်​ကို ဤ​သို့​ရေး၍ မှာ​လိုက်​လော့။ မီး​လျှံ​ကဲ့​သို့​သော မျက်​စိ​နှင့်​လည်း​ကောင်း၊ ကြေး​ဝါ​စစ်​နှင့်​တူ​သော ခြေ​နှင့်​လည်း​ကောင်း၊ ပြည့်​စုံ​သော ဘု​ရား​သ​ခင့်​သား​တော်၏ အ​မိန့်​တော်​ကား၊- 19သင်​အ​ကျင့်​ကျင့်​ခြင်း၊ ချစ်​ခြင်း၊ အ​မှု​ဆောင်​ခြင်း၊ ယုံ​ကြည်​ခြင်း၊ သည်း​ခံ​ခြင်း​ကို​လည်း​ကောင်း နောက်​ကျင့်​သော​အ​ကျင့်​တို့​သည် အ​ရင်​ကျင့်​သော​အ​ကျင့်​ထက် သာ၍ များ​ကြောင်း​ကို​လည်း​ကောင်း ငါ​သိ၏။- 20သို့​သော်​လည်း၊ ငါ၏​အ​စေ​ခံ​ကျွန်​တို့​သည် မ​တ​ရား​သော မေ​ထုန်​ကို ပြု​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ရုပ်​တု​ရှေ့​မှာ ပူ​ဇော်​သော ယဇ်​ကောင်​ကို စား​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ပ​ရော​ဖက်​မ​ဟူ၍ ကိုယ်​ကို​ခေါ်​ဝေါ်​သော သင်၏​ခင်​ပွန်း ယေ​ဇ​ဗေ​လ​သည် သွန်​သင်၍ မှား​ယွင်း​စေ​ရ​သော​အ​ခွင့်​ကို သင်​သည်​ပေး​သော​ကြောင့်၊ သင်၌ အ​ပြစ်​တင်​စ​ရာ​ရှိ၏။-#၃​ရာ၊ ၁၆:၃၁။ ၄​ရာ၊ ၉:၂၂၊၃၀။ 21နောင်​တ​ရ​သင့်​သော​ကာ​လ​ကို ငါ​ပေး​သော်​လည်း၊ သူ​သည် မိ​မိ​မ​တ​ရား​သော​မေ​ထုန်​ကို နောင်​တ​ရ​ချင်​သော စိတ်​မ​ရှိ။- 22ထို​ကြောင့်၊ သူ့​ကို အိပ်​ရာ၌​ငါ​ချ​ထား​မည်။ သူ​နှင့်​အ​တူ မ​တ​ရား​သော မေ​ထုန်​ကို​ပြု၍၊ ထို​သို့​သော အ​ကျင့်​ကို နောင်​တ​မ​ရ​သော​သူ​တို့​ကို​လည်း၊ ကြီး​စွာ​သော ဆင်း​ရဲ​ခြင်း​သို့ ရောက်​စေ​မည်။- 23သူ၏​သား​သ​မီး​တို့​ကို​လည်း အ​သေ​သတ်​မည်။ ငါ​သည် နှ​လုံး​ကျောက်​ကပ်​ကို စစ်​ဆေး​တော်​မူ​သော သူ​ဖြစ်​ကြောင်း​ကို ထို​သို့​သော​အား​ဖြင့် ခပ်​သိမ်း​သော အ​သင်း​တော်​တို့​သည် သိ​ရ​ကြ​လိမ့်​မည်။ သင်​တို့​သည် အ​သီး​အ​သီး​ကျင့်​သော အ​ကျင့်​နှင့်​အ​လျောက် အ​ကျိုး​အ​ပြစ်​ကို ငါ​ပေး​မည်။-#ဆာ၊ ၇:၉။ ယေ၊ ၁၇:၁၀။ ဆာ၊ ၆၂:၁၂။
24ထို​မိ​စ္ဆာ​ဒိ​ဌိ​အ​ယူ​ကို ယူ​သော​သူ​တို့ ခေါ်​ဝေါ်​သည်​နှင့်​အ​ညီ၊ စာ​တန်၏ နက်​နဲ​သော​အ​ရာ​ဟု ခေါ်​ဝေါ်​သော​အ​ရာ​တို့​ကို မ​ကျွမ်း၊ ထို​မိ​စ္ဆာ​ဒိ​ဌိ​အ​ယူ​ကို မ​ယူ၊ ကြွင်း​သော​သွာ​တိ​ရ​မြို့​သား​တို့​ကို ငါ​ဆို​သည်​ကား၊ သင်​တို့​သည် ရ​သ​မျှ​ကို ငါ​လာ​သည်​တိုင်​အောင် စွဲ​ကိုင်​ကြ​လော့။- 25ထို​မှ​တစ်​ပါး အ​ခြား​သော​ဝန်​ကို သင်​တို့​အ​ပေါ်၌ ငါ​မ​တင်။- 26အ​ကြင်​သူ​သည် အောင်​မြင်၍ အ​ဆုံး​တိုင်​အောင် ငါ့​အ​ကျင့်​ကို​ကျင့်၏။ ငါ့​ခ​မည်း​တော်​သည် ငါ့​အား အ​ခွင့် ပေး​တော်​မူ​သ​ကဲ့​သို့၊ လူ​မျိုး​တို့​ကို အုပ်​စိုး​စေ​ခြင်း​ငှာ ထို​သူ​အား ငါ​သည် အ​ခွင့်​ပေး​မည်။- 27ထို​သူ​သည် သူ​တို့​ကို သံ​လှံ​တံ​နှင့်​အုပ်​စိုး၍၊ မြေ​အိုး​ကို​ခွဲ​ဖျက်​သ​ကဲ့​သို့ ခွဲ​ဖျက်​လိမ့်​မည်။-#ဆာ၊ ၂:၈-၉။ 28မိုး​သောက်​ကြယ်​ကို​လည်း ထို​သူ​အား ငါ​ပေး​မည်။- 29ဝိ​ညာဉ်​တော်​သည် အ​သင်း​တော်​တို့​အား အ​ဘယ်​သို့ မိန့်​တော်​မူ​သည်​ကို နား​ရှိ​သော​သူ​မည်​သည်​ကား ကြား​ပါ​စေ။

လက်ရှိရွေးချယ်ထားမှု

ဗျာဒိတ် 2: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ