YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဗျာဒိတ် 16:1-7

ဗျာဒိတ် 16:1-7 JBMLE

ဗိ​မာန်​တော်​ထဲ​က ကြီး​သော​အ​သံ​ကား၊ သွား​ကြ​လော့။ ဘု​ရား​သ​ခင်၏ အ​မျက်​တော်​ဖ​လား ခု​နစ်​လုံး​ကို မြေ​ကြီး​ပေါ်​သို့ သွန်း​လောင်း​ကြ​လော့​ဟု ကောင်း​ကင်​တ​မန် ခု​နစ်​ပါး​တို့​အား ပြော​ဆို​သည်​ကို ငါ​ကြား၏။- ပ​ထ​မ​သူ​သည် သွား၍ မိ​မိ​ဖ​လား​ကို မြေ​ကြီး​ပေါ်​သို့ သွန်း​လောင်း​လျှင်၊ သား​ရဲ၏ တံ​ဆိပ်​လက်​မှတ်​ကို ခံ၍ သူ၏​ရုပ်​တု​ကို ကိုး​ကွယ်​သော လူ​တို့၌ အ​လွန်​ဆိုး​သော အ​နာ​စိမ်း​ပေါက်​လေ၏။- ဒု​တိ​ယ​ကောင်း​ကင်​တ​မန်​သည် မိ​မိ​ဖ​လား​ကို ပင်​လယ်​ပေါ်​သို့ သွန်း​လောင်း​လျှင်၊ ပင်​လယ်​သည် လူ​သေ၏ အ​သွေး​ကဲ့​သို့​သော အ​သွေး​ဖြစ်၏။ ပင်​လယ်၌ အ​သက်​ရှင်​သော သ​တ္တ​ဝါ​အ​ပေါင်း​တို့​သည် သေ​ကြ၏။- တ​တိ​ယ​ကောင်း​ကင်​တ​မန်​သည် မိ​မိ​ဖ​လား​ကို မြစ်​ပေါ်​သို့​လည်း​ကောင်း၊ စမ်း​ရေ​တွင်း ပေါ်​သို့​လည်း​ကောင်း သွန်း​လောင်း​လျှင် ထို​အ​ရာ​တို့​သည် အ​သွေး​ဖြစ်​ကြ၏။- ကောင်း​ကင်​တ​မန်​က​လည်း၊ ပ​စ္စု​ပ္ပန်၊ အ​တိတ်၊ အ​နာ​ဂတ်​ကာ​လ အ​စဉ်​ရှိ​တော်​မူ​သော အ​ရှင်၊ ကိုယ်​တော်​သည် ဤ​သို့ တ​ရား​စီ​ရင်​တော်​မူ​သည် အ​မှု​မှာ ဖြောင့်​မတ်​တော်​မူ၏။- ထို​သူ​တို့​သည် သန့်​ရှင်း​သူ​တို့၏ အ​သွေး၊ ပ​ရော​ဖက်​တို့၏ အ​သွေး​ကို သွန်း​လောင်း​ကြ​သည်​ဖြစ်၍၊ သူ​တို့​အား အ​သွေး​ကို တိုက်​တော်​မူ​ပြီ။ သူ​တို့​လည်း ခံ​ထိုက်​ကြ​ပါ၏​ဟု လျှောက်​ဆို​သည်​ကို ငါ​ကြား၏။- ယဇ်​ပ​လ္လင်​က​လည်း၊ မှန်​ပါ၏။ အ​န​န္တ​တန်​ခိုး​နှင့် ပြည့်​စုံ​တော်​မူ​သော ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်၊ ကိုယ်​တော်​စီ​ရင်​တော်​မူ​ခြင်း အ​ရာ​တို့​သည် ဟုတ်​မှန်​ဖြောင့်​မတ် ကြ​ပါ၏​ဟု လျှောက်​ဆို​သော​အ​သံ​ကို ငါ​ကြား၏။