YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဗျာဒိတ် 14:1-7

ဗျာဒိတ် 14:1-7 JBMLE

ထို​နောက်​မှ ငါ​ကြည့်​လျှင်၊ သိုး​သ​ငယ်​သည် ဇိ​အုန်​တောင်​ပေါ်​မှာ ရပ်​နေ၏။ သူ၏​နာ​မ​နှင့် ခ​မည်း​တော်၏​နာ​မ​ကို န​ဖူး၌ အ​က္ခ​ရာ​တင်​သော​သူ တစ်​သိန်း​လေး​သောင်း​လေး​ထောင်​လည်း သူ​နှင့်​အ​တူ ရှိ​ကြ၏။- သ​မု​ဒ္ဒ​ရာ​ရေ​သံ၊ ကြီး​စွာ​သော မိုး​ကြိုး​သံ​ကဲ့​သို့ ကောင်း​ကင်​က အ​သံ​ကို ငါ​ကြား၏။ ထို​သို့ ငါ​ကြား​သော အ​သံ​သည် စောင်း​သ​မား​များ စောင်း​တီး​သော အ​သံ​ကဲ့​သို့​ဖြစ်၏။- ပ​လ္လင်​တော်​ရှေ့၌​လည်း​ကောင်း၊ သ​တ္တ​ဝါ​လေး​ပါး​နှင့် အ​သက်​ကြီး​သူ​တို့ ရှေ့၌​လည်း​ကောင်း၊ သူ​တို့​သည် အ​သစ်​သော သီ​ချင်း​ကို ဆို​ကြ၏။ မြေ​ကြီး​မှ​ရွေး​နုတ်​သော​သူ တစ်​သိန်း​လေး​သောင်း​လေး​ထောင် မှ​တစ်​ပါး၊ အ​ဘယ်​သူ​မျှ ထို​သီ​ချင်း​ကို သင်၍​မ​ရ​နိုင်။- ထို​သူ​တို့​သည် က​ညာ​ဖြစ်၍ မေ​ထုန်​အ​မှု​နှင့် မ​ညစ်​ညူး​သော​သူ ဖြစ်​ကြ၏။ သိုး​သ​ငယ် သွား​လေ​ရာ​ရာ​အ​ရပ်​သို့ နောက်​တော်၌ လိုက်​သော​သူ ဖြစ်​ကြ၏။ လူ​တို့​အ​ထဲ​က ရွေး​နုတ်၍ ဘု​ရား​သ​ခင်​နှင့် သိုး​သ​ငယ်​အ​ဖို့ အ​ဦး​သီး​သော​အ​သီး ဖြစ်​ကြ၏။- အ​ပြစ်​နှင့် ကင်း​လွတ်​ကြ​သည်​ဖြစ်၍ သူ​တို့​နှုတ်၌ မု​သား​မ​ရှိ။ မြေ​ကြီး​ပေါ်​မှာ​နေ​သော သူ​တည်း​ဟူ​သော အ​သီး​အ​သီး ဘာ​သာ​စ​ကား​ကို​ပြော​သော လူ​အ​မျိုး​အ​နွယ် ခပ်​သိမ်း​တို့​အား ထာ​ဝ​ရ​ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​ရ​သော ကောင်း​ကင်​တ​မန်​တစ်​ပါး​က၊- ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့၍ ချီး​မွမ်း​ကြ​လော့။ တ​ရား​စီ​ရင်​တော်​မူ​သော အ​ချိန်​ရောက်​လာ​ပြီ။ ကောင်း​ကင်၊ မြေ​ကြီး၊ သ​မု​ဒ္ဒ​ရာ​နှင့် စမ်း​ရေ​တွင်း​တို့​ကို ဖန်​ဆင်း​တော်​မူ​သော​အ​ရှင်​ကို ကိုး​ကွယ်​ကြ​လော့​ဟု ကြီး​သော​အ​သံ​နှင့် ပြော​ဆို၍ ကောင်း​ကင်​အ​လယ်၌ ပျံ​ဝဲ​လျက် ရှိ​သည်​ကို ငါ​မြင်၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။