ထိုနောက်မှ ငါကြည့်လျှင်၊ သိုးသငယ်သည် ဇိအုန်တောင်ပေါ်မှာ ရပ်နေ၏။ သူ၏နာမနှင့် ခမည်းတော်၏နာမကို နဖူး၌ အက္ခရာတင်သောသူ တစ်သိန်းလေးသောင်းလေးထောင်လည်း သူနှင့်အတူ ရှိကြ၏။- သမုဒ္ဒရာရေသံ၊ ကြီးစွာသော မိုးကြိုးသံကဲ့သို့ ကောင်းကင်က အသံကို ငါကြား၏။ ထိုသို့ ငါကြားသော အသံသည် စောင်းသမားများ စောင်းတီးသော အသံကဲ့သို့ဖြစ်၏။- ပလ္လင်တော်ရှေ့၌လည်းကောင်း၊ သတ္တဝါလေးပါးနှင့် အသက်ကြီးသူတို့ ရှေ့၌လည်းကောင်း၊ သူတို့သည် အသစ်သော သီချင်းကို ဆိုကြ၏။ မြေကြီးမှရွေးနုတ်သောသူ တစ်သိန်းလေးသောင်းလေးထောင် မှတစ်ပါး၊ အဘယ်သူမျှ ထိုသီချင်းကို သင်၍မရနိုင်။- ထိုသူတို့သည် ကညာဖြစ်၍ မေထုန်အမှုနှင့် မညစ်ညူးသောသူ ဖြစ်ကြ၏။ သိုးသငယ် သွားလေရာရာအရပ်သို့ နောက်တော်၌ လိုက်သောသူ ဖြစ်ကြ၏။ လူတို့အထဲက ရွေးနုတ်၍ ဘုရားသခင်နှင့် သိုးသငယ်အဖို့ အဦးသီးသောအသီး ဖြစ်ကြ၏။- အပြစ်နှင့် ကင်းလွတ်ကြသည်ဖြစ်၍ သူတို့နှုတ်၌ မုသားမရှိ။
ဗျာဒိတ် 14 ကိုဖတ်ပါ။
နားထောင်ပါ။ ဗျာဒိတ် 14
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ဗျာဒိတ် 14:1-5
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ