YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဗျာဒိတ် 13:6-13

ဗျာဒိတ် 13:6-13 JBMLE

ဘု​ရား​သ​ခင်​ကို ပြစ်​မှား​သော​စ​ကား​အား​ဖြင့် နာ​မ​တော်​နှင့် တဲ​တော်​ကို​လည်း​ကောင်း၊ ကောင်း​ကင်​သား​တို့​ကို​လည်း​ကောင်း၊ ပြစ်​မှား​ခြင်း​ငှာ နှုတ်​ကို​ဖွင့်​ထား၏။- သန့်​ရှင်း​သူ​တို့​ကို စစ်​တိုက်၍ နိုင်​ရ​သော​အ​ခွင့် ကို​ရ၏။ အ​သီး​အ​သီး ဘာ​သာ​စ​ကား​ကို ပြော​သော လူ​အ​မျိုး​အ​နွယ်​ခပ်​သိမ်း​တို့​ကို အုပ်​စိုး​ရ​သော အ​ခွင့်​ကို​လည်း​ရ၏။- ကွပ်​မျက်​သော​သိုး​သ​ငယ်၏ အ​သက်​စာ​စောင်၌ က​မ္ဘာ​ဦး​က​ပင် စာ​ရင်း​မ​ဝင်​သော မြေ​ကြီး​သား အ​ပေါင်း​တို့​သည် သား​ရဲ​ကို ကိုး​ကွယ်​ကြ၏။- နား​ရှိ​သော​သူ​မည်​သည်​ကား ကြား​ပါ​စေ။- သူ​တစ်​ပါး​ကို ဖမ်း​ဆီး​ယူ​သွား​သော​သူ​သည် ကိုယ်​တိုင်​ဖမ်း​ဆီး​ယူ​သွား​ခြင်း​ကို ခံ​ရ​လိမ့်​မည်။ ဓား​ဖြင့် သတ်​တတ်​သော သူ​သည်​လည်း ကိုယ်​တိုင် ဓား​ဖြင့်​သေ​ရ​မည်။ ဤ​အ​ရာ၌ သန့်​ရှင်း​သူ​တို့​လည်း သည်း​ခံ​စ​ရာ​အ​ကြောင်း၊ ယုံ​ကြည်​စ​ရာ​အ​ကြောင်း​ရှိ၏။ အ​ခြား​သော သား​ရဲ​တစ်​ကောင်​သည်၊ သိုး​သ​ငယ်၏ ချို​နှင့်​တူ​သော ချို​နှစ်​ချောင်း​ရှိ၍၊ န​ဂါး​ကဲ့​သို့ စ​ကား​ပြော​လျက်၊ မြေ​ကြီး​ထဲ​က ထွက်​သည်​ကို ငါ​မြင်၏။- ထို​သား​ရဲ​သည် သူ့​အ​ရင်​ဖြစ်​သော ပ​ထ​မ​သား​ရဲ၏ အာ​ဏာ​စက်​ရှိ​သ​မျှ​ကို သုံး​စွဲ၏။ သေ​စေ​သော ဒဏ်​ချက် ပျောက်​ခဲ့​ပြီး​သော ပ​ထ​မ​သား​ရဲ​ကို မြေ​ကြီး​မှ​စ၍ မြေ​ကြီး​သား​တို့​သည် ကိုး​ကွယ်​စေ​ခြင်း​ငှာ ပြု၏။- ကြီး​စွာ​သော နိ​မိတ်​လ​က္ခ​ဏာ​တို့​ကို​လည်း ပြ၏။ လူ​တို့​မျက်​မှောက်၌ ကောင်း​ကင်​က မြေ​ကြီး​အ​ပေါ်​သို့ မီး​ကို ဆင်း​စေ၏။