YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဗျာဒိတ် 13:11-18

ဗျာဒိတ် 13:11-18 JBMLE

အ​ခြား​သော သား​ရဲ​တစ်​ကောင်​သည်၊ သိုး​သ​ငယ်၏ ချို​နှင့်​တူ​သော ချို​နှစ်​ချောင်း​ရှိ၍၊ န​ဂါး​ကဲ့​သို့ စ​ကား​ပြော​လျက်၊ မြေ​ကြီး​ထဲ​က ထွက်​သည်​ကို ငါ​မြင်၏။- ထို​သား​ရဲ​သည် သူ့​အ​ရင်​ဖြစ်​သော ပ​ထ​မ​သား​ရဲ၏ အာ​ဏာ​စက်​ရှိ​သ​မျှ​ကို သုံး​စွဲ၏။ သေ​စေ​သော ဒဏ်​ချက် ပျောက်​ခဲ့​ပြီး​သော ပ​ထ​မ​သား​ရဲ​ကို မြေ​ကြီး​မှ​စ၍ မြေ​ကြီး​သား​တို့​သည် ကိုး​ကွယ်​စေ​ခြင်း​ငှာ ပြု၏။- ကြီး​စွာ​သော နိ​မိတ်​လ​က္ခ​ဏာ​တို့​ကို​လည်း ပြ၏။ လူ​တို့​မျက်​မှောက်၌ ကောင်း​ကင်​က မြေ​ကြီး​အ​ပေါ်​သို့ မီး​ကို ဆင်း​စေ၏။- ပ​ထ​မ​သား​ရဲ​ရှေ့၌ ပြ​ပိုင်​သော နိ​မိတ်​လ​က္ခ​ဏာ​တို့​အား​ဖြင့် မြေ​ကြီး​သား​တို့​ကို လှည့်​ဖြား၏။ ဓား​နှင့် ခုတ်​သော​ဒဏ်​ချက်​ကို ခံ​ရ၍ အ​သက်​ရှင်​သေး​သော သား​ရဲ၏ ရုပ်​တု​ကို လုပ်​စေ​ခြင်း​ငှာ မြေ​ကြီး​သား​တို့​ကို မှာ​ထား၏။- သား​ရဲ၏ ရုပ်​တု​သည် စ​ကား​ပြော​နိုင်​မည် အ​ကြောင်း​နှင့်၊ မိ​မိ​ကို မ​ကိုး​ကွယ်​သော​သူ ရှိ​သ​မျှ​တို့​ကို သတ်​ခြင်း​ငှာ ပြု​နိုင်​မည်​အ​ကြောင်း၊ ရုပ်​တု၌ အ​သက်​ကို သွင်း​ပေး​ရ​သော အ​ခွင့်​ကို​လည်း​ရ၏။- ငွေ​ရ​တတ်​သော​သူ၊ ဆင်း​ရဲ​သော​သူ၊ ကျွန်​ခံ​ရ​သော​သူ၊ လွတ်​သော​သူ၊ အ​ကြီး​အ​ငယ် ရှိ​သ​မျှ​တို့​သည် လက်​ယာ​လက်၌​ဖြစ်​စေ၊ န​ဖူး၌​ဖြစ်​စေ၊ တံ​ဆိပ်​လက်​မှတ်​ကို ခံ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊- ထို​တံ​ဆိပ်​လက်​မှတ်​တည်း​ဟူ​သော သား​ရဲ၏ နာ​မ​ဖြစ်​စေ၊ နာ​မ၏ အ​ရေ​အ​တွက်​ဖြစ်​စေ၊ တစ်​ခု​ခု​ကို မ​ခံ​သော​သူ​တစ်​ယောက်​မျှ မ​ရောင်း​မ​ဝယ်​စေ​ခြင်း​ငှာ​လည်း​ကောင်း စီ​ရင်၏။- ဤ​အ​ရာ၌ ပ​ညာ​ရှိ၏။ ဉာဏ်​ရှိ​သော​သူ​သည် သား​ရဲ၏​အ​ရေ​အ​တွက်​ကို ရေ​တွက်​စေ။ လူ၏ အ​ရေ​အ​တွက်​ဖြစ်၏။ ခြောက်​ရာ​ခြောက်​ဆယ်​ခြောက်​လည်း ဖြစ်၏။