YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဗျာဒိတ် 12:1-9

ဗျာဒိတ် 12:1-9 JBMLE

ကောင်း​ကင်၌ ကြီး​စွာ​သော နိ​မိတ်​လ​က္ခ​ဏာ ဟူ​မူ​ကား၊ မိန်း​မ​တစ်​ဦး​သည် နေ​ကို​ဝတ်​လျက်၊ လ​ကို ခြေ​ဖြင့်​နင်း​လျက်၊ မိ​မိ​ခေါင်း​ပေါ်၌ ကြယ်​ဆယ်​နှစ်​လုံး​ဖြင့်​ပြီး​သော သ​ရ​ဖူ​ကို ဆောင်း​လျက်​ပေါ်​လာ၏။- ထို​မိန်း​မ​သည် ကိုယ်​ဝန်​ဆောင်၍ ဖွား​အံ့​သော ဝေ​ဒ​နာ ပြင်း​သော​ကြောင့် အော်​ဟစ်​လေ၏။- ကောင်း​ကင်၌ အ​ခြား​သော နိ​မိတ်​လ​က္ခ​ဏာ ပေါ်​လာ​သည်​ကား၊ အ​ဆင်း​နီ​သော န​ဂါး​ကြီး​သည် ခေါင်း​ခု​နစ်​လုံး၊ ချို​ဆယ်​ချောင်း​နှင့်​တ​ကွ ခေါင်း​ပေါ်၌ သ​ရ​ဖူ​ခု​နစ်​ဆူ​ကို ဆောင်း​လျက်​ရှိ၏။- သူ၏​အ​မြီး​သည် ကောင်း​ကင်​ကြယ် သုံး​စု​တစ်​စု​ကို ဆွဲ​ငင်၍ မြေ​ကြီး​သို့​ချ​လိုက်​လေ၏။ သား​ကို​ဖွား​လု​သော မိန်း​မ​သည် ဖွား​သော​အ​ခါ၊ န​ဂါး​သည် ထို​သား​ကို ကိုက်​စား​မည့်​အ​ကြံ​နှင့် မိန်း​မ​ရှေ့၌​ရပ်​နေ၏။- ထို​မိန်း​မ​သည် လူ​မျိုး​တ​ကာ​တို့​ကို သံ​လှံ​တံ​နှင့် အုပ်​စိုး​လ​တ္တံ့​သော သား​ယောက်ျား​ကို ဖွား​မြင်၏။ ထို​သား​ကို ဘု​ရား​သ​ခင်​ထံ​သို့​လည်း​ကောင်း၊ ပ​လ္လင်​တော်​သို့​လည်း​ကောင်း ချီ​ယူ​တော်​မူ၏။- မိန်း​မ​သည် အ​ရက်​တစ်​ထောင်​နှစ်​ရာ​ခြောက် ဆယ်​ပတ်​လုံး တော၌ ကျွေး​မွေး​ခြင်း​ကို ခံ​ရ​မည်​အ​ကြောင်း ဘု​ရား​သ​ခင် ပြင်​ဆင်​တော်​မူ​သော အ​ရပ်​သို့ ပြေး​လေ၏။ ကောင်း​ကင်၌ စစ်​ဖြစ်၏။ မိ​က္ခေ​လ​နှင့် သူ၏ ကောင်း​ကင်​တ​မန်​တို့​သည် န​ဂါး​ကို စစ်​တိုက်​ကြ၏။ န​ဂါး​နှင့် သူ၏​တ​မန်​တို့​သည် စစ်​တိုက်၍ မ​နိုင်​ကြ။ ကောင်း​ကင်၌​လည်း သူ​တို့​နေ​စ​ရာ​မ​ရှိ။- ထို​အ​ခါ ဤ​လော​က​တစ်​နိုင်​ငံ​လုံး​ကို လှည့်​ဖြား၍ မာရ်​နတ်​စာ​တန် အ​မည်​ရှိ​သော ရှေး​မြွေ​ဟောင်း​တည်း ဟူ​သော န​ဂါး​ကြီး​ကို​လည်း​ကောင်း၊ သူ​နှင့်​အ​တူ သူ၏​တ​မန်​တို့​ကို​လည်း​ကောင်း၊ မြေ​ကြီး​သို့ ချ​လိုက်​ကြ၏။