YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဗျာဒိတ် 12

12
မိန်း​မ​နှ​င့်​န​ဂါး​ကြီး
1ကောင်း​ကင်၌ ကြီး​စွာ​သော နိ​မိတ်​လ​က္ခ​ဏာ ဟူ​မူ​ကား၊ မိန်း​မ​တစ်​ဦး​သည် နေ​ကို​ဝတ်​လျက်၊ လ​ကို ခြေ​ဖြင့်​နင်း​လျက်၊ မိ​မိ​ခေါင်း​ပေါ်၌ ကြယ်​ဆယ်​နှစ်​လုံး​ဖြင့်​ပြီး​သော သ​ရ​ဖူ​ကို ဆောင်း​လျက်​ပေါ်​လာ၏။- 2ထို​မိန်း​မ​သည် ကိုယ်​ဝန်​ဆောင်၍ ဖွား​အံ့​သော ဝေ​ဒ​နာ ပြင်း​သော​ကြောင့် အော်​ဟစ်​လေ၏။- 3ကောင်း​ကင်၌ အ​ခြား​သော နိ​မိတ်​လ​က္ခ​ဏာ ပေါ်​လာ​သည်​ကား၊ အ​ဆင်း​နီ​သော န​ဂါး​ကြီး​သည် ခေါင်း​ခု​နစ်​လုံး၊ ချို​ဆယ်​ချောင်း​နှင့်​တ​ကွ ခေါင်း​ပေါ်၌ သ​ရ​ဖူ​ခု​နစ်​ဆူ​ကို ဆောင်း​လျက်​ရှိ၏။-#ဒံ၊ ၇:၇။ 4သူ၏​အ​မြီး​သည် ကောင်း​ကင်​ကြယ် သုံး​စု​တစ်​စု​ကို ဆွဲ​ငင်၍ မြေ​ကြီး​သို့​ချ​လိုက်​လေ၏။ သား​ကို​ဖွား​လု​သော မိန်း​မ​သည် ဖွား​သော​အ​ခါ၊ န​ဂါး​သည် ထို​သား​ကို ကိုက်​စား​မည့်​အ​ကြံ​နှင့် မိန်း​မ​ရှေ့၌​ရပ်​နေ၏။- 5ထို​မိန်း​မ​သည် လူ​မျိုး​တ​ကာ​တို့​ကို သံ​လှံ​တံ​နှင့် အုပ်​စိုး​လ​တ္တံ့​သော သား​ယောက်ျား​ကို ဖွား​မြင်၏။ ထို​သား​ကို ဘု​ရား​သ​ခင်​ထံ​သို့​လည်း​ကောင်း၊ ပ​လ္လင်​တော်​သို့​လည်း​ကောင်း ချီ​ယူ​တော်​မူ၏။-#ဟေ​ရှာ၊ ၆၆:၇။ ဆာ၊ ၂:၉။ 6မိန်း​မ​သည် အ​ရက်​တစ်​ထောင်​နှစ်​ရာ​ခြောက် ဆယ်​ပတ်​လုံး တော၌ ကျွေး​မွေး​ခြင်း​ကို ခံ​ရ​မည်​အ​ကြောင်း ဘု​ရား​သ​ခင် ပြင်​ဆင်​တော်​မူ​သော အ​ရပ်​သို့ ပြေး​လေ၏။
7ကောင်း​ကင်၌ စစ်​ဖြစ်၏။ မိ​က္ခေ​လ​နှင့် သူ၏ ကောင်း​ကင်​တ​မန်​တို့​သည် န​ဂါး​ကို စစ်​တိုက်​ကြ၏။ န​ဂါး​နှင့် သူ၏​တ​မန်​တို့​သည် စစ်​တိုက်၍ မ​နိုင်​ကြ။ ကောင်း​ကင်၌​လည်း သူ​တို့​နေ​စ​ရာ​မ​ရှိ။-#ဒံ၊ ၁၀:၁၃၊၂၁၊ ၁၂:၁။ ယု​ဒ၊ ၉။ 8-9ထို​အ​ခါ ဤ​လော​က​တစ်​နိုင်​ငံ​လုံး​ကို လှည့်​ဖြား၍ မာရ်​နတ်​စာ​တန် အ​မည်​ရှိ​သော ရှေး​မြွေ​ဟောင်း​တည်း ဟူ​သော န​ဂါး​ကြီး​ကို​လည်း​ကောင်း၊ သူ​နှင့်​အ​တူ သူ၏​တ​မန်​တို့​ကို​လည်း​ကောင်း၊ မြေ​ကြီး​သို့ ချ​လိုက်​ကြ၏။-#က၊ ၃:၁။ လု၊ ၁၀:၁၈။ 10ကောင်း​ကင်​ဘုံ၌ ကြီး​သော​အ​သံ​ကား၊ ယ​ခု​မှာ ကယ်​တင်​ခြင်း ဖြစ်၏။ တန်​ခိုး​တော်​လည်း ဖြစ်၏။ ငါ​တို့ ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​နှင့် သူ၏​ခ​ရစ်​တော်၏ အာ​ဏာ​တော်​စက်​လည်း ဖြစ်၏။ အ​ကြောင်း​မူ​ကား၊ ငါ​တို့​ညီ​အစ်​ကို​များ​ကို ငါ​တို့​ဘု​ရား​သ​ခင်​ရှေ့​တော်၌ နေ့​ည​မ​ပြတ် အ​ပြစ်​တင်​သော​ရန်​သူ​ကို အောက်​သို့ ချ​လေ​ပြီ။-#ယော​ဘ၊ ၁:၉-၁၁။ ဇာ၊ ၃:၁။ 11သူ​တို့​သည် သိုး​သ​ငယ်၏ အ​သွေး​အား​ဖြင့်​လည်း​ကောင်း၊ မိ​မိ​တို့​သက်​သေ​ခံ​ချက် နှုတ်​က​ပတ်​တ​ရား​အား​ဖြင့်​လည်း​ကောင်း အောင်​မြင်၍၊ အ​သေ​ခံ​သည်​တိုင်​အောင် ကိုယ်​အ​သက်​ကို မ​နှ​မြော​ကြ။- 12ထို​ကြောင့် ကောင်း​ကင်​နှင့် ကောင်း​ကင်​သား​တို့ ရွှင်​လန်း​ကြ​လော့။ မြေ​ကြီး​နှင့် ပင်​လယ်​သည် အ​မင်္ဂ​လာ​ရှိ၏။ အ​ကြောင်း​မူ​ကား၊ မာရ်​နတ်​သည် မိ​မိ​ကာ​လ တစ်​ခ​ဏ​သာ​ရှိ​သည်​ကို သိ၍၊ ပြင်း​စွာ​သော ဒေါ​သ​အ​မျက်​နှင့်​တ​ကွ သင်​တို့​ရှိ​ရာ​သို့ ဆင်း​လေ​ပြီ​ဟု ဆို​ကြ​သည်​ကို ငါ​ကြား၏။
13ထို​န​ဂါး​သည် မြေ​ကြီး​သို့ ကိုယ်​ကျ​သည်​ကို သိ​မြင်​လေ​သော်၊ သား​ယောက်ျား​ကို ဖွား​မြင်​သော မိန်း​မ​ကို ညှဉ်း​ဆဲ၏။- 14မိန်း​မ​သည် ထို​မြွေ​နှင့်​လွတ်၍၊ တစ်​ကာ​လ၊ နှစ်​ကာ​လ၊ ကာ​လ​တစ်​ဝက်​ပတ်​လုံး ကျွေး​မွေး​ခြင်း​ကို ခံ​ရာ အ​ရပ်​တည်း​ဟူ​သော တော​အ​ရပ်​သို့ ပျံ​နိုင်​မည့်​အ​ကြောင်း၊ ရွှေ​လင်း​တ​ကြီး၏ အ​တောင်​နှစ်​ဖက်​ကို ရ​လေ၏။-#ဒံ၊ ၇:၂၅၊ ၁၂:၇။ 15ထို​အ​ခါ၊ မိန်း​မ​ကို ရေ​အ​ဟုန်​ဖြင့် မျော​သွား​စေ​ခြင်း​ငှာ၊ န​ဂါး​သည် မိ​မိ​ခံ​တွင်း​ထဲ​က​မြစ်​ရေ​စီး​သ​ကဲ့​သို့ ရေ​ကို မိန်း​မ​နောက်၌ ထုတ်​ပစ်​လေ၏။- 16မြေ​ကြီး​သည် မိန်း​မ​ကို မ​စ၍ မိ​မိ​ခံ​တွင်း​ကို ဖွင့်​ပြီး​လျှင်၊ န​ဂါး၏ ခံ​တွင်း​ထဲ​က ထုတ်​ပစ်​သော​မြစ်​ရေ​ကို မျို​လေ၏။- 17န​ဂါး​သည် မိန်း​မ​ကို အ​ငြိုး​ထား၏။ ဘု​ရား​သ​ခင်၏ ပ​ညတ်​တော်​တို့​ကို ကျင့်၍ ယေ​ရှု၏ သက်​သေ​ခံ​တော်​မူ​ချက်​ကို စွဲ​လမ်း​သော​သူ​တည်း​ဟူ​သော ထို​မိန်း​မ၌ ကြွင်း​သော အ​မျိုး​အ​နွယ်​ကို စစ်​တိုက်​ခြင်း​ငှာ သွား၏။-

လက်ရှိရွေးချယ်ထားမှု

ဗျာဒိတ် 12: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။