YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဗျာဒိတ် 11:7-19

ဗျာဒိတ် 11:7-19 JBMLE

သူ​တို့​သည် သက်​သေ​ခံ​ပြီး​သော​အ​ခါ၊ အ​နက်​ဆုံး​သော​တွင်း​ထဲ​က တက်​သော သား​ရဲ​သည် သူ​တို့​ကို စစ်​တိုက်၍ အောင်​လိမ့်​မည်။ အ​သက်​ကို​သတ်​ပြီး​မှ၊- သူ​တို့​သ​ခင်​သည် လက်​ဝါး​ကပ်​တိုင်​မှာ အ​သေ​ခံ​တော်​မူ​သော အ​ရပ်​တည်း​ဟူ​သော သော​ဒုံ​ဟူ၍​လည်း​ကောင်း၊ အဲ​ဂု​တ္တု​ဟူ၍​လည်း​ကောင်း အ​တွင်း​အ​နက်​အား​ဖြင့် ခေါ်​ဝေါ်​သော မြို့​ကြီး၏​လမ်း၌ အ​လောင်း​ကောင်​တို့​သည် နေ​ရစ်​ကြ​လိမ့်​မည်။- အ​သီး​အ​သီး ဘာ​သာ​စ​ကား​ကို ပြော​သော လူ​အ​မျိုး​အ​နွယ်​တို့​သည် သုံး​ရက်​ခွဲ​ပတ်​လုံး အ​လောင်း​ကောင်​တို့​ကို မြင်​ရ၍၊ သင်္ဂြိုဟ်​ခြင်း​ကို မြစ်​တား​ကြ​လိမ့်​မည်။- မြေ​ကြီး​ပေါ်​မှာ​နေ​သော သူ​တို့​သည် ထို​အ​လောင်း​ကောင်​တို့​ကို မြင်​သော​အ​ခါ၊ ဝမ်း​မြောက်၍ ပျော်​မွေ့​ခြင်း​ကို ပြု​ကြ​လိမ့်​မည်။ တစ်​ယောက်​ကို​တစ်​ယောက် လက်​ဆောင်​ပေး​လိုက်​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ အ​ထက်​က ထို​ပ​ရော​ဖက်​နှစ်​ပါး​တို့​သည် မြေ​ကြီး​ပေါ်​မှာ နေ​သော​သူ​တို့​ကို ပြင်း​စွာ နှောင့်​ယှက်​ညှဥ်း​ဆဲ​ကြ​သည်​ဟု ငါ့​အား ပြော​ဆို​လေ၏။- ထို​နောက် သုံး​ရက်​ခွဲ​လွန်​ပြီး​လျှင်၊ ဘု​ရား​သ​ခင့် အ​ထံ​တော်​က အ​သက်​ဝိ​ညာဉ်​သည် သူ​တို့၌​ဝင်​သ​ဖြင့်၊ သူ​တို့​သည် မတ်​တတ်​ထ၍ မြင်​သ​မျှ​သော​သူ​တို့​သည် အ​လွန် ကြောက်​ရွံ့​ကြ၏။- ကောင်း​ကင်​က​ထွက်​သော အ​သံ​ကြီး​ကား၊ ဤ​အ​ရပ်​သို့ တက်​ကြ​လော့​ဟု မိ​မိ​တို့​အား ပြော​ဆို​သည်​ကို သူ​တို့​သည်​ကြား​လျှင်၊ မိုး​တိမ်​ဖြင့် ကောင်း​ကင်​သို့ တက်၍ ရန်​သူ​တို့​သည် မြင်​ကြ၏။- ထို​အ​ချိန်​နာ​ရီ၌ ကြီး​စွာ​သော မြေ​လှုပ်​ခြင်း ဖြစ်၍၊ မြို့​ရိုး ဆယ်​စု​တစ်​စု​ပြို​လေ၏။ ထို​မြေ​လှုပ်​ခြင်း၌ လူ​ခု​နစ်​ထောင်​သေ​ကြ၏။ ကြွင်း​သော​သူ​တို့​သည် ကြောက်​ရွံ့၍ ကောင်း​ကင်​ဘုံ၏ အ​ရှင်​ဘု​ရား​သ​ခင်​ကို ချီး​မွမ်း​ကြ၏။- ဒု​တိ​ယ​အ​မင်္ဂ​လာ လွန်​ပြီ။ တ​တိ​ယ​အ​မင်္ဂ​လာ​သည် အ​လျင်​အ​မြန် လာ​လိမ့်​မည်။ သ​တ္တ​မ​ကောင်း​ကင်​တ​မန်​သည် တံ​ပိုး​မှုတ်​သော​အ​ခါ၊ ကောင်း​ကင်​ဘုံ၌ ကြီး​သော အ​သံ​တို့​ကား၊ လော​ကီ​နိုင်​ငံ​သည် ငါ​တို့​အ​ရှင်၏ နိုင်​ငံ​ဖြစ်​လေ​ပြီ။ ထို​အ​ရှင်၏ ခ​ရစ်​တော်​နိုင်​ငံ ဖြစ်​လေ​ပြီ။ သူ​သည်​လည်း က​မ္ဘာ​အ​ဆက်​ဆက် စိုး​စံ​တော်​မူ​မည်​ဟု ပြော​ဆို​ကြ၏။- ဘု​ရား​သ​ခင်​ရှေ့​တော်၌ မိ​မိ​တို့​ပ​လ္လင်​ပေါ်​မှာ ထိုင်​သော အ​သက်​ကြီး​သူ နှစ်​ဆယ်​လေး​ပါး​တို့​သည် ပျပ်​ဝပ်၍ ဘု​ရား​သ​ခင်​ကို ကိုး​ကွယ်​လျက်၊- အ​န​န္တ​တန်​ခိုး​နှင့်​ပြည့်​စုံ၍၊ ပ​စ္စု​ပ္ပန်၊ အ​တိတ်၊ အ​နာ​ဂတ်​ကာ​လ အ​စဉ်​ရှိ​တော်​မူ​သော ထာ​ဝ​ရ​အ​ရှင် ဘု​ရား​သ​ခင်၊ ကိုယ်​တော်၏ မ​ဟာ​တန်​ခိုး​တော်​ကို ယူ​ဆောင်၍ စိုး​စံ​တော်​မူ​သော ကျေး​ဇူး​တော်​ကို အ​ကျွန်ုပ်​တို့​သည် ချီး​မွမ်း​ပါ၏။- လူ​မျိုး​တို့​သည် အ​မျက်​ထွက်​ကြ​သည် ဖြစ်၍၊ အ​မျက်​တော်​သည်​လည်း ရောက်​ပါ​ပြီ။ သေ​လွန်​သော သူ​တို့​ကို တ​ရား​စီ​ရင်​ဆုံး​ဖြတ်​တော်​မူ၍၊ ကိုယ်​တော်၏ ကျွန်​တည်း​ဟူ​သော ပ​ရော​ဖက်​တို့​အား လည်း​ကောင်း၊ သန့်​ရှင်း​သူ​တို့ အား​လည်း​ကောင်း၊ ကိုယ်​တော်​ကို ကြောက်​ရွံ့​ရို​သေ​သော​သူ အ​ကြီး​အ​ငယ်​တို့​အား​လည်း​ကောင်း၊ ဆု​ကျေး​ဇူး​ကို ပေး​သ​နား​တော်​မူ၍ မြေ​ကြီး​ကို ဖျက်​ဆီး​သော သူ​တို့​ကို ဖျက်​ဆီး​တော်​မူ​သော​အ​ချိန် ရောက်​ပါ​ပြီ​ဟု လျှောက်​ဆို​ကြ၏။- တစ်​ဖန် ကောင်း​ကင်​ဘုံ၌ ဘု​ရား​သ​ခင်၏ ဗိ​မာန်​တော်​ကို ဖွင့်​ထား၍၊ ဗိ​မာန်​တော်​ထဲ​မှာ ပ​ဋိ​ညာဉ်​သေ​တ္တာ​တော် ထင်​ရှား​လေ၏။ လျှပ်​စစ်​ပြက်​ခြင်း၊ အ​သံ​မြည်​ခြင်း၊ မိုး​ချုန်း​ခြင်း၊ မြေ​လှုပ်​ခြင်း၊ အ​လုံး​ကြီး​စွာ​သော မိုး​သီး​ကျ​ခြင်း ဖြစ်​ကြ၏။