တစ်ဖန် လှံတံနှင့်တူသော ကျူပင်တစ်လုံးကို ငါ့အားပေး၍ ငါ့ကို ပြောဆိုသည်ကား၊ ထလော့။ ဘုရားသခင်၏ ဗိမာန်တော်နှင့်ယဇ်ပလ္လင်ကို တိုင်းလော့။ ဗိမာန်တော်၌ ကိုးကွယ်သော သူတို့ကိုလည်း ရေတွက်လော့။- ဗိမာန်တော်တံတိုင်းကို မတိုင်းနှင့်၊ ပယ်ထားလော့။ တစ်ပါးအမျိုးသားတို့၌ အပ်ပေးပြီ။ သူတို့သည် သန့်ရှင်းသော မြို့တော်ကို၊ လ လေးဆယ်နှစ်လပတ်လုံး နင်းကြလိမ့်မည်။- ငါ၏သက်သေခံနှစ်ပါးကို ငါအခွင့်ပေးမည်။ သူတို့သည် လျှော်တေအဝတ်ကို ဝတ်လျက်၊ အရက် တစ်ထောင်နှစ်ရာခြောက်ဆယ်ပတ်လုံး ပရောဖက်ပြုကြလိမ့်မည်။- ထိုသူတို့သည်ကား၊ မြေကြီးအရှင်၏ ရှေ့တော်၌ စိုက်ထားသော သံလွင်ပင်နှစ်ပင်နှင့် မီးခွက်နှစ်လုံး ဖြစ်သတည်း။- တစ်စုံတစ်ယောက်သော သူသည် သူတို့ကို ညှဥ်းဆဲခြင်းငှာ အလိုရှိလျှင်၊ သူတို့၏ ခံတွင်းထဲကမီးထွက်၍ ရန်သူတို့ကို မျိုတတ်၏။ တစ်စုံတစ်ယောက်သော သူသည် ထိုသူတို့ကို ညှဉ်းဆဲခြင်းငှာ အလိုရှိလျှင်၊ ထိုသို့အသေ သတ်ခြင်းကို ခံရမည်။- ထိုသူတို့သည် ပရောဖက်ပြုသော နေ့ရက်ကာလ၌ မိုးမရွာစေခြင်းငှာ၊ မိုးကောင်းကင်ကို ပိတ်ရသောအခွင့်၊ မြစ်ရေ၊ တွင်းရေကို အသွေးဖြစ်စေ ရသောအခွင့်၊ မိမိတို့အလိုရှိသမျှသော အခါ၌ ဘေးအမျိုးမျိုးဖြင့် မြေကြီးကို ဒဏ်ခတ်ရသော အခွင့်ကို ရကြ၏။
ဗျာဒိတ် 11 ကိုဖတ်ပါ။
နားထောင်ပါ။ ဗျာဒိတ် 11
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ဗျာဒိတ် 11:1-6
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ