YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဗျာဒိတ် 11:1-6

ဗျာဒိတ် 11:1-6 JBMLE

တစ်​ဖန် လှံ​တံ​နှင့်​တူ​သော ကျူ​ပင်​တစ်​လုံး​ကို ငါ့​အား​ပေး၍ ငါ့​ကို ပြော​ဆို​သည်​ကား၊ ထ​လော့။ ဘု​ရား​သ​ခင်၏ ဗိ​မာန်​တော်​နှင့်​ယဇ်​ပ​လ္လင်​ကို တိုင်း​လော့။ ဗိ​မာန်​တော်၌ ကိုး​ကွယ်​သော သူ​တို့​ကို​လည်း ရေ​တွက်​လော့။- ဗိ​မာန်​တော်​တံ​တိုင်း​ကို မ​တိုင်း​နှင့်၊ ပယ်​ထား​လော့။ တစ်​ပါး​အ​မျိုး​သား​တို့၌ အပ်​ပေး​ပြီ။ သူ​တို့​သည် သန့်​ရှင်း​သော မြို့​တော်​ကို၊ လ လေး​ဆယ်​နှစ်​လ​ပတ်​လုံး နင်း​ကြ​လိမ့်​မည်။- ငါ၏​သက်​သေ​ခံ​နှစ်​ပါး​ကို ငါ​အ​ခွင့်​ပေး​မည်။ သူ​တို့​သည် လျှော်​တေ​အ​ဝတ်​ကို ဝတ်​လျက်၊ အ​ရက် တစ်​ထောင်​နှစ်​ရာ​ခြောက်​ဆယ်​ပတ်​လုံး ပ​ရော​ဖက်​ပြု​ကြ​လိမ့်​မည်။- ထို​သူ​တို့​သည်​ကား၊ မြေ​ကြီး​အ​ရှင်၏ ရှေ့​တော်၌ စိုက်​ထား​သော သံ​လွင်​ပင်​နှစ်​ပင်​နှင့် မီး​ခွက်​နှစ်​လုံး ဖြစ်​သ​တည်း။- တစ်​စုံ​တစ်​ယောက်​သော သူ​သည် သူ​တို့​ကို ညှဥ်း​ဆဲ​ခြင်း​ငှာ အ​လို​ရှိ​လျှင်၊ သူ​တို့၏ ခံ​တွင်း​ထဲ​က​မီး​ထွက်၍ ရန်​သူ​တို့​ကို မျို​တတ်၏။ တစ်​စုံ​တစ်​ယောက်​သော သူ​သည် ထို​သူ​တို့​ကို ညှဉ်း​ဆဲ​ခြင်း​ငှာ အ​လို​ရှိ​လျှင်၊ ထို​သို့​အ​သေ သတ်​ခြင်း​ကို ခံ​ရ​မည်။- ထို​သူ​တို့​သည် ပ​ရော​ဖက်​ပြု​သော နေ့​ရက်​ကာ​လ၌ မိုး​မ​ရွာ​စေ​ခြင်း​ငှာ၊ မိုး​ကောင်း​ကင်​ကို ပိတ်​ရ​သော​အ​ခွင့်၊ မြစ်​ရေ၊ တွင်း​ရေ​ကို အ​သွေး​ဖြစ်​စေ ရ​သော​အ​ခွင့်၊ မိ​မိ​တို့​အ​လို​ရှိ​သ​မျှ​သော အ​ခါ၌ ဘေး​အ​မျိုး​မျိုး​ဖြင့် မြေ​ကြီး​ကို ဒဏ်​ခတ်​ရ​သော အ​ခွင့်​ကို ရ​ကြ၏။