YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဗျာဒိတ် 1:4-6

ဗျာဒိတ် 1:4-6 JBMLE

ငါ​ယော​ဟန်​သည် အာ​ရှိ​ပြည်၌​ရှိ​သော အ​သင်း​တော်​ခု​နစ်​ပါး​ကို ကြား​လိုက်​ပါ၏။ ပ​စ္စု​ပ္ပန်၊ အ​တိတ်၊ အ​နာ​ဂတ်​ကာ​လ အ​စဉ်​ရှိ​တော်​မူ​သော ဘု​ရား​သ​ခင့်​အ​ထံ​တော်​က​လည်း​ကောင်း၊ ပ​လ္လင်​တော်​ရှေ့၌​ရှိ​သော ဝိ​ညာဉ်​ခု​နှစ်​ပါး အ​ထံ​က​လည်း​ကောင်း၊- သ​စ္စာ​စောင့်​သော သက်​သေ​ခံ ဖြစ်​တော်​မူ​ထ​သော၊ သေ​သော​သူ​တို့​တွင် သား​ဦး ဖြစ်​တော်​မူ​ထ​သော၊ လော​ကီ​ဘု​ရင်​တို့၏ အ​ထွတ်​ဖြစ်​တော်​မူ​သော ယေ​ရှု​ခ​ရစ်​အ​ထံ​တော်​က​လည်း​ကောင်း၊ ကျေး​ဇူး​တော်​နှင့် ငြိမ်​သက်​ခြင်း​သည် သင်​တို့၌​ရှိ​ပါ​စေ​သော။ ငါ​တို့​ကို​ချစ်၍ မိ​မိ​အ​သွေး​နှင့် ငါ​တို့​အ​ပြစ်​များ​ကို ဆေး​ကြော​တော်​မူ၍၊- မိ​မိ​ခ​မည်း​တော်​ဘု​ရား​သ​ခင့်​ရှေ့၌ ငါ​တို့​ကို ရှင်​ဘု​ရင်​အ​ရာ၌​လည်း​ကောင်း၊ ယဇ်​ပု​ရော​ဟိတ်​အ​ရာ၌​လည်း​ကောင်း ခန့်​ထား​တော်​မူ​သော​သူ​သည်၊ က​မ္ဘာ​အ​ဆက်​ဆက် ဘုန်း​အ​သ​ရေ၊ အ​စွမ်း​သ​တ္တိ​ရှိ​တော်​မူ​စေ​သ​တည်း။ အာ​မင်။