YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဗျာဒိတ် 1:1-8

ဗျာဒိတ် 1:1-8 JBMLE

ကာ​လ​မ​ကြာ​မ​မြင့်​မီ ဖြစ်​ရ​မည်​အ​မှု​အ​ရာ​များ​ကို ယေ​ရှု​ခ​ရစ်​သည် မိ​မိ​အ​စေ​ခံ​ကျွန်​တို့​အား ပြ​စေ​ခြင်း​ငှာ၊ ဘု​ရား​သ​ခင် အပ်​ပေး​တော်​မူ​သော ထို​သ​ခင်၏ ဗျာ​ဒိတ်​တော်​ကို ဆို​ပေ​အံ့။ ထို​သ​ခင်​သည် မိ​မိ​ကောင်း​ကင်​တ​မန်​ကို စေ​လွှတ်၍၊ မိ​မိ​အ​စေ​ခံ​ကျွန်​ယော​ဟန်​အား ဗျာ​ဒိတ်​တော်​အ​ရိပ်​ကို ပြ​တော်​မူ၏။- ယော​ဟန်​သည်​လည်း ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တော်​နှင့် ယေ​ရှု​ခ​ရစ်၏ သက်​သေ​ခံ​တော်​မူ​ချက်​ကို မြင်​သ​မျှ​အ​တိုင်း သက်​သေ​ခံ၏။- ကာ​လ​အ​ချိန် ရောက်​လု​နီး​ပြီ​ဖြစ်၍၊ ဤ​အ​နာ​ဂ​တ္တိ​ကျမ်း​စ​ကား​ကို ကြည့်​ရှု​ဖတ်​ရွတ် နား​ထောင်၍၊ ရေး​ထား​သ​မျှ​တို့​ကို စောင့်​ရှောက်​သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။ ငါ​ယော​ဟန်​သည် အာ​ရှိ​ပြည်၌​ရှိ​သော အ​သင်း​တော်​ခု​နစ်​ပါး​ကို ကြား​လိုက်​ပါ၏။ ပ​စ္စု​ပ္ပန်၊ အ​တိတ်၊ အ​နာ​ဂတ်​ကာ​လ အ​စဉ်​ရှိ​တော်​မူ​သော ဘု​ရား​သ​ခင့်​အ​ထံ​တော်​က​လည်း​ကောင်း၊ ပ​လ္လင်​တော်​ရှေ့၌​ရှိ​သော ဝိ​ညာဉ်​ခု​နှစ်​ပါး အ​ထံ​က​လည်း​ကောင်း၊- သ​စ္စာ​စောင့်​သော သက်​သေ​ခံ ဖြစ်​တော်​မူ​ထ​သော၊ သေ​သော​သူ​တို့​တွင် သား​ဦး ဖြစ်​တော်​မူ​ထ​သော၊ လော​ကီ​ဘု​ရင်​တို့၏ အ​ထွတ်​ဖြစ်​တော်​မူ​သော ယေ​ရှု​ခ​ရစ်​အ​ထံ​တော်​က​လည်း​ကောင်း၊ ကျေး​ဇူး​တော်​နှင့် ငြိမ်​သက်​ခြင်း​သည် သင်​တို့၌​ရှိ​ပါ​စေ​သော။ ငါ​တို့​ကို​ချစ်၍ မိ​မိ​အ​သွေး​နှင့် ငါ​တို့​အ​ပြစ်​များ​ကို ဆေး​ကြော​တော်​မူ၍၊- မိ​မိ​ခ​မည်း​တော်​ဘု​ရား​သ​ခင့်​ရှေ့၌ ငါ​တို့​ကို ရှင်​ဘု​ရင်​အ​ရာ၌​လည်း​ကောင်း၊ ယဇ်​ပု​ရော​ဟိတ်​အ​ရာ၌​လည်း​ကောင်း ခန့်​ထား​တော်​မူ​သော​သူ​သည်၊ က​မ္ဘာ​အ​ဆက်​ဆက် ဘုန်း​အ​သ​ရေ၊ အ​စွမ်း​သ​တ္တိ​ရှိ​တော်​မူ​စေ​သ​တည်း။ အာ​မင်။ ကြည့်​ရှု​လော့။ မိုး​တိမ်​နှင့်​တ​ကွ ကြွ​လာ​တော်​မူ​သည်​ဖြစ်၍၊ ကိုယ်​တော်​ကို ထိုး​ဖောက်​သော သူ​တို့​နှင့် ရှိ​သ​မျှ​သော​သူ​တို့​သည် ကိုယ်​တော်​ကို ရှု​မြင်​ရ​ကြ​လိမ့်​မည်။ မြေ​ကြီး​သား​အ​မျိုး​မျိုး ရှိ​သ​မျှ​တို့​သည် ကိုယ်​တော်​ကြောင့် ငို​ကြွေး​မြည်​တမ်း​ရ​ကြ​လိမ့်​မည်။ မှန်​ပေ၏။ အာ​မင်။- ငါ​သည် အာ​လ​ဖ​ဖြစ်၏။ ဩ​မေ​ဃ​လည်း​ဖြစ်​၏​ဟု အ​န​န္တ​တန်​ခိုး​နှင့်​ပြည့်​စုံ​တော်​မူ၍၊ ပ​စ္စု​ပ္ပန်၊ အ​တိတ်၊ အ​နာ​ဂတ်​ကာ​လ အ​စဉ်​ရှိ​တော်​မူ​သော ထာ​ဝ​ရ​အ​ရှင် ဘု​ရား​သ​ခင် မိန့်​တော်​မူ၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။