YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 91:9-16

ဆာလံ 91:9-16 JBMLE

ထာ​ဝ​ရ​ဘု​ရား​သည် ငါ​ခို​လှုံ​ရာ​ဖြစ်​တော်​မူ၏​ဟု သင်​သည်​ဆို၍၊ အ​မြင့်​ဆုံး​သော​ဘု​ရား၌ နေ​ရာ​ကျ​သော​ကြောင့်၊ သင်၌ မ​ကောင်း​သော​အ​နိဌာ​ရုံ မ​ကပ်​မ​ရောက်။ သင့်​နေ​ရာ​သို့ ဘေး​ဥ​ပဒ်​မ​ချဉ်း​ရ။ သွား​လေ​ရာ​ရာ၌ သင့်​ကို​စောင့်​ရှောက်​စေ​ခြင်း​ငှာ၊ ကောင်း​ကင်​တ​မန်​တို့​အား သင့်​အ​ဖို့ မှာ​ထား​တော်​မူ​သည်​ဖြစ်၍၊ သင်၏​ခြေ​ကို ကျောက်​နှင့် မ​ထိ​မ​ခိုက်​စေ​ခြင်း​ငှာ၊ သူ​တို့​သည် သင့်​ကို လက်​နှင့်​မ​စ​ချီ​ပင့်​ကြ​လိမ့်​မည်။ သင်​သည် ခြင်္သေ့​နှင့် မြွေ​ဆိုး​အ​ပေါ်​မှာ​ကျော်​သွား၍၊ ခြင်္သေ့​ပျို​နှင့် န​ဂါး​တို့​ကို ခြေ​ဖြင့်​နင်း​လိမ့်​မည်။ သူ​သည် ငါ့​ကို​ချစ်​သော​ကြောင့်၊ သူ့​ကို ငါ​ကယ်​နုတ်​မည်။ ငါ၏​နာ​မ​ကို​သိ​သော​ကြောင့်၊ သူ့​ကို ငါ​ချီး​မြှောက်​မည်။ သူ​သည် ငါ့​ကို​ခေါ်​သော​အ​ခါ ငါ​ထူး​မည်။ ဒု​က္ခ​ခံ​ရ​သော​အ​ခါ သူ့​ဘက်​မှာ​ငါ​နေ၍ ချမ်း​သာ​ပေး​မည်။ သူ၏​ဘုန်း​ကို​လည်း ထင်​ရှား​စေ​မည်။ ရှည်​သော​အ​သက်​နှင့် သူ့​ကို​ရောင့်​ရဲ​စေ၍၊ ငါ၏​ကယ်​တင်​ခြင်း​ကျေး​ဇူး​ကို သူ့​အား​ပြ​မည်။

​ဆာလံ 91:9-16 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။