YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 91:1-7

ဆာလံ 91:1-7 JBMLE

အ​မြင့်​ဆုံး​သော​ဘု​ရား၏ ကွယ်​ကာ​ရာ​ဌာ​န​တော်၌ နေ​သော​သူ​သည် အ​န​န္တ​တန်​ခိုး​ရှင်၏ အ​ရိပ်​ကို​ခို​ရ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​သည် ငါ​ခို​လှုံ​ရာ၊ ငါ၏​ရဲ​တိုက်၊ ငါ​ကိုး​စား​သော ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ​သည်​ဟု ငါ​ပြော​ဆို၏။ အ​ကယ်​စင်​စစ် မု​ဆိုး၏​ကျော့​ကွင်း​နှင့်​လည်း​ကောင်း၊ သေ​တတ်​သော အ​နာ​နှင့်​လည်း​ကောင်း၊ သင့်​ကို ကင်း​လွတ်​စေ​တော်​မူ​မည်။ အ​တောင်​တော်​အ​မွေး​နှင့် ဖုံး​အုပ်​တော်​မူ၍၊ အ​တောင်​တော်​အောက်၌ သင်​သည်​လုံ​ခြုံ​စွာ နေ​ရ​လိမ့်​မည်။ သ​စ္စာ​တော်​သည် သင်၏​ဒိုင်း​လွှား​ဖြစ်​လိမ့်​မည်။ ည​အ​ခါ​ဖြစ်​တတ်​သော ဘေး​ကို​လည်း​ကောင်း၊ နေ့​အ​ချိန်၌ ပစ်​သော​မြား​ကို​လည်း​ကောင်း၊ မှောင်​မိုက်​ထဲ​မှာ လည်​တတ်​သော ကာ​လ​နာ​ကို​လည်း​ကောင်း၊ မွန်း​တည့်​အ​ချိန်၌ ဖျက်​ဆီး​တတ်​သော ဥ​ပဒ်​ကို​လည်း​ကောင်း၊ သင်​သည်​မ​ကြောက်​ရ။ သင်၏​အ​နား​မှာ လူ​တစ်​ထောင်၊ သင်၏​လက်​ယာ​ဘက်​မှာ လူ​တစ်​သောင်း​လဲ​သော်​လည်း၊ သင့်​ကို မ​ထိ​မ​ခိုက်​ရ။

​ဆာလံ 91:1-7 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။