YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 9:7-10

ဆာလံ 9:7-10 JBMLE

ထာ​ဝ​ရ​ဘု​ရား​မူ​ကား၊ ကာ​လ​အ​စဉ်​အ​ဆက်​တည်​တော်​မူ၏။ တ​ရား​ပ​လ္လင်​တော်​ကို ပြင်​ဆင်၍၊ မြေ​ကြီး​သား​တို့​ကို တ​ရား​သ​ဖြင့် စီ​ရင်​တော်​မူ၏။ လူ​မျိုး​တို့​အား ဖြောင့်​မတ်​စွာ​သော စီ​ရင်​ခြင်း​ကို ပြု​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား​သည် ညှဉ်း​ဆဲ​ခြင်း​ကို​ခံ​ရ​သော သူ​တို့၏​ခို​လှုံ​ရာ၊ ဘေး​အ​န္တ​ရာယ်​ရောက်​သည်​ကာ​လ ခို​လှုံ​ရာ​ဖြစ်​တော်​မူ၏။ နာ​မ​တော်​ကို သိ​သော​သူ​တို့​သည် ကိုယ်​တော်​ကို ယုံ​ကြည်​ကြ​ပါ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ကို​ရှာ​သော သူ​တို့​ကို​စွန့်​ပစ်​တော်​မ​မူ​တတ်​ပါ။