YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 9:13-20

ဆာလံ 9:13-20 JBMLE

အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​ကို​ကယ်​မ​သ​နား​တော်​မူ​ပါ။ အ​ကျွန်ုပ်​ကို မုန်း​သော​သူ​တို့၏ ညှဉ်း​ဆဲ​ခြင်း​အ​မှု​ကို ကြည့်​ရှု၍၊ သေ​မင်း​လက်​မှ အ​ကျွန်ုပ်​ကို​ကယ်​နုတ်​တော်​မူ​ပါ။ သို့​ဖြစ်၍ ဂုဏ်​ကျေး​ဇူး​တော်​အ​ပေါင်း​ကို ဇိ​အုန်​မြို့​တံ​ခါး​ဝ​မှာ အ​ကျွန်ုပ်​ပြ​ညွှန်​ပါ​မည်။ ကယ်​တင်​တော်​မူ​ခြင်း​ကျေး​ဇူး​ကို အ​မှီ​ပြု၍ ဝမ်း​မြောက်​ပါ​မည်။ တစ်​ပါး​အ​မျိုး​သား​တို့​သည် ကိုယ်​တူး​သော​တွင်း​ထဲ​သို့ ကိုယ်​ကျ​ကြ၏။ ကိုယ်​ဝှက်​ထား​သော ကျော့​ကွင်း​ထဲ​မှာ ကိုယ်​ခြေ​တို့​သည် ကျော့​မိ​ကြ၏။ ထာ​ဝ​ရ​ဘု​ရား​သည် တ​ရား​စီ​ရင်​ဆုံး​ဖြတ်​တော်​မူ​ခြင်း​အား​ဖြင့် ထင်​ရှား​တော်​မူ၏။ မ​တ​ရား​သော​သူ​သည် မိ​မိ​လုပ်​သော အ​လုပ်​ထဲ​မှာ ကျော့​မိ​ခြင်း​ကို​ခံ​ရ၏။ မ​တ​ရား​သော​သူ​တို့​နှင့် ဘု​ရား​သ​ခင်​ကို မေ့​လျော့​သော​လူ​မျိုး​အ​ပေါင်း​တို့​သည် မ​ရ​ဏ​နိုင်​ငံ​သို့ နှင်​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်။ ငတ်​မွတ်​သော သူ​တို့​ကို အ​စဉ်​မေ့​လျော့​တော်​မ​မူ။ ဆင်း​ရဲ​သော​သူ​တို့​သည် မျှော်​လင့်၍​မ​ရ​ဘဲ အ​စဉ်​မ​နေ​ရ​ကြ။ အို​ထာ​ဝ​ရ​ဘု​ရား၊ ထ​တော်​မူ​ပါ။ လူ​မ​နိုင်​ပါ​စေ​နှင့်။ တစ်​ပါး​အ​မျိုး​သား​တို့​သည် ရှေ့​တော်၌ စစ်​ကြော​စီ​ရင်​ခြင်း​ကို ခံ​ရ​ကြ​ပါ​စေ​သော။ အို​ထာ​ဝ​ရ​ဘု​ရား၊ သူ​တို့​ကို ခြောက်​လှန့်​တော်​မူ​ပါ။ သို့​ဖြစ်၍ မိ​မိ​တို့​သည် လူ​သက်​သက်​ဖြစ်​သည်​ကို လူ​မျိုး​တို့​သည် သိ​ကြ​ပါ​လိမ့်​မည်။