YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 89:5-11

ဆာလံ 89:5-11 JBMLE

အို ထာ​ဝ​ရ​ဘု​ရား၊ ကောင်း​ကင်​သည် အံ့​ဖွယ်​သော​အ​မှု​တော်​တို့​ကို​လည်း​ကောင်း၊ သန့်​ရှင်း​သော​သူ​တို့​သည် စည်း​ဝေး​လျက် သ​စ္စာ​တော်​ကို​လည်း​ကောင်း ချီး​မွမ်း​ကြ​ပါ​စေ​သော။ အ​ကြောင်း​မူ​ကား၊ ကောင်း​ကင်​တွင် ထာ​ဝ​ရ​ဘု​ရား​နှင့် အ​ဘယ်​သူ​ပြိုင်​နိုင်​သ​နည်း။ ဘု​ရား​သ​ခင်၏​သား​တို့​တွင် ထာ​ဝ​ရ​ဘု​ရား​နှင့် အ​ဘယ်​သူ​တူ​သ​နည်း။ ဘု​ရား​သ​ခင်​သည် သန့်​ရှင်း​သူ​တို့၏​ပ​ရိ​သတ်​တွင် အ​လွန်​ကြောက်​ရွံ့​ဖွယ်​ဖြစ်​တော်​မူ၏။ အ​ထံ​တော်၌ ပတ်​လည်​နေ​သော​သူ​အ​ပေါင်း​တို့​ထက် ရို​သေ​ဖွယ်​ဖြစ်​တော်​မူ၏။ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​နှင့် အ​ဘယ်​သူ တူ​ပါ​သ​နည်း။ ထာ​ဝ​ရ​ဘု​ရား​သည် ခွန်​အား​ကြီး​တော်​မူ၏။ သ​စ္စာ​တော်​လည်း ကိုယ်​တော်​ကို ပတ်​ဝန်း​လျက်​ရှိ​ပါ၏။ သ​မု​ဒ္ဒ​ရာ​ဟုန်း​ခြင်း​ကို အ​စိုး​ရ​တော်​မူ၏။ လှိုင်း​တံ​ပိုး​ထ​သော​အ​ခါ ငြိမ်း​စေ​တော်​မူ၏။ ကိုယ်​တော်​သည် သူ​ရဲ​ကဲ့​သို့ ရာ​ခပ်​ကို​ချိုး​ဖျက်၍၊ အား​ကြီး​သော​လက်​ရုံး​တော်​ဖြင့် ရန်​သူ​တို့​ကို အ​ရပ်​ရပ်​သို့ ကွဲ​ပြား​စေ​တော်​မူ၏။ ကောင်း​ကင်​နှင့် မြေ​ကြီး​သည် ကိုယ်​တော်၏​ဥ​စ္စာ​ဖြစ်​ပါ၏။ လော​က​ဓာတ်​နှင့် လော​က​ဓာတ်​တန်​ဆာ​များ​ကို တည်​တော်​မူ​ပြီ။