အိုထာဝရဘုရား၊ နားတော်ကိုလှည့်၍ အကျွန်ုပ်စကားကို နားထောင်တော်မူပါ။ အကျွန်ုပ်သည် ဆင်းရဲငတ်မွတ်ပါ၏။ အကျွန်ုပ်၏ဘုရားသခင်၊ သန့်ရှင်းသူတို့အဝင်ဖြစ်သော အကျွန်ုပ်၏ဝိညာဉ်ကို စောင့်မ၍၊ ကိုယ်တော်ကို ကိုးစားသော ကိုယ်တော်၏ကျွန်ကို ကယ်တင်တော်မူပါ။ အို ထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်ကိုအစဉ်အော်ဟစ်ပါသည်ဖြစ်၍၊ ကယ်မသနားတော်မူပါ။ အို ထာဝရဘုရား၊ ကိုယ်တော်ကို အကျွန်ုပ်တသပါသည်ဖြစ်၍၊ ကိုယ်တော်၏ကျွန်သည် ဝမ်းမြောက်မည်အကြောင်း ပြုတော်မူပါ။ အို ထာဝရဘုရား၊ ကိုယ်တော်သည် ကောင်းသောသဘော၊ သည်းခံတတ်သောသဘောနှင့် ပြည့်စုံ၍၊ ကိုယ်တော်ကို ပတ္ထနာပြုသောသူအပေါင်းတို့အား ကရုဏာတော် ကြွယ်ဝပါ၏။ အို ထာဝရဘုရား၊ အကျွန်ုပ်၏ပတ္ထနာစကားကို နားထောင်တော်မူပါ။ အသနားတော်ခံသောစကားသံကို မှတ်တော်မူပါ။ ဘေးရောက်သည်ကာလ၊ ကိုယ်တော်ကို ခေါ်ပါမည်။ ကိုယ်တော်လည်း ထူးတော်မူတတ်ပါ၏။
ဆာလံ 86 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ဆာလံ 86:1-7
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ