YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 80:8-19

ဆာလံ 80:8-19 JBMLE

ကိုယ်​တော်​သည် စ​ပျစ်​နွယ်​ပင်​ကို အဲ​ဂု​တ္တု​ပြည်​က​ဆောင်​ခဲ့၍၊ တစ်​ပါး​အ​မျိုး​သား​တို့​ကို နှင်​ထုတ်​ပြီး​မှ စိုက်​ပျိုး​တော်​မူ၏။ သူ၏​နေ​ရာ​ကို​ပြု​ပြင်​တော်​မူ​သ​ဖြင့်၊ သူ​သည် အ​မြစ်​ကျ၍ တစ်​ပြည်​လုံး​ကို နှံ့​ပြား​ပါ၏။ သူ၏​အ​ရိပ်​သည်​တောင်​တို့​ကို​လည်း​ကောင်း၊ အ​ခက်​အ​လက်​တို့​သည် အ​မြင့်​ဆုံး​သော အာ​ရဇ်​ပင်​တို့​ကို​လည်း​ကောင်း လွှမ်း​မိုး​ကြ​ပါ၏။ သူ​သည် အ​ခက်​အ​လက်​တို့​ကို ပင်​လယ်​တိုင်​အောင်​လည်း​ကောင်း၊ အ​ညွန့်​တို့​ကို မြစ်​ကြီး​တိုင်​အောင်​လည်း​ကောင်း ပြန့်​ပွား​စေ​ပါ၏။ ယ​ခု​မူ​ကား၊ လမ်း၌ လျှောက်​သွား​သော​သူ​အ​ပေါင်း​တို့​သည် ဆွတ်​စေ​ခြင်း​ငှာ၊ သူ၏​ခြံ​ကို အ​ဘယ်​ကြောင့် ချိုး​ဖျက်​တော်​မူ​သ​နည်း။ တော​ဝက်​သည် ထို​အ​ပင်​ကို​ကိုက်​ခဲ၍၊ တော​သား​ရဲ​သည်​လည်း စား​ပါ၏။ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ဘု​ရား​သ​ခင်၊ တစ်​ဖန် ကြွ​လာ​တော်​မူ​မည်​အ​ကြောင်း တောင်း​ပန်​ပါ၏။ ကောင်း​ကင်​က​ကြည့်​ရှု​တော်​မူ​ပါ။ ထို​စ​ပျစ်​နွယ်​ပင်​ကို အ​ကြည့်​အ​ရှု ကြွ​လာ​တော်​မူ​ပါ။ လက်​ယာ​လက်​တော်​နှင့် စိုက်​ပျိုး​သော​အ​ပင်၊ ကိုယ်​တော်​အ​ဖို့ ခိုင်​မာ​စေ​တော်​မူ​သော ပျိုး​ပင်​ကို ကွယ်​ကာ​တော်​မူ​ပါ။ မီး​ရှို့​ပါ​ပြီ။ ခုတ်​လှဲ​ပါ​ပြီ။ မျက်​နှာ​တော်​ဖြင့် ဆုံး​မ​ခြင်း​ကို ခံ​ရ​သော​သူ​တို့​သည် ပျက်​စီး​ခြင်း​သို့ ရောက်​ရ​ကြ​ပါ၏။ လက်​ယာ​လက်​တော်​နှင့် ဆိုင်​သော​လူ၊ ကိုယ်​တော်​အ​ဖို့ ခိုင်​မာ​စေ​တော်​မူ​သော လူ​သား၏​အ​ပေါ်​မှာ လက်​တော်​ကို​တင်​ပါ​စေ​သော။ သို့​ပြု​လျှင် အ​ကျွန်ုပ်​တို့​သည် ကိုယ်​တော်​ထံ​မှ မ​ဆုတ်​ရ​ကြ​ပါ။ အ​ကျွန်ုပ်​တို့​ကို အ​သက်​ရှင်​စေ​တော်​မူ​ပါ။ နာ​မ​တော်​ကို ပ​တ္ထ​နာ​ပြု​ကြ​ပါ​မည်။ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​တို့​ကို ပြောင်း​လဲ​စေ၍၊ မျက်​နှာ​တော်​အ​လင်း​ကို ပြ​တော်​မူ​ပါ။ သို့​ပြု​လျှင် အ​ကျွန်ုပ်​တို့​သည် ကယ်​တင်​ခြင်း​သို့ ရောက်​ကြ​ပါ​လိမ့်​မည်။