YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 78:4-8

ဆာလံ 78:4-8 JBMLE

သား​မြေး​တို့​မှ မ​ဝှက်​မ​ထား။ ထာ​ဝ​ရ​ဘု​ရား၏​ဂုဏ်​ကျေး​ဇူး​တော်​နှင့် တန်​ခိုး​တော်​ကို​လည်း​ကောင်း၊ ပြု​တော်​မူ​သော အံ့​ဩ​ဖွယ်​အ​မှု​တို့​ကို​လည်း​ကောင်း၊ ဖြစ်​လ​တ္တံ့​သော​သူ​တို့​အား ဖော်​ပြ​ကြ​မည်။ အ​ကြောင်း​မူ​ကား၊ ယာ​ကုပ်​အ​မျိုး၌ သက်​သေ​တ​ရား​ကို​စီ​ရင်၍၊ ဣ​သ​ရေ​လ​အ​မျိုး၌ ပ​ညတ်​တ​ရား​ကို ထား​တော်​မူ၏။ သ​ဘော​မ​ဖြောင့်၊ ဘု​ရား​သ​ခင်၌ စိတ်​ဝိ​ညာဉ် အ​မြဲ​မ​ဆည်း​ကပ်​သော​အ​မျိုး၊ ငြင်း​ဆန်၍ ပုန်​ကန်​တတ်​သော အ​မျိုး​တည်း​ဟူ​သော ဘိုး​ဘေး​တို့​ကဲ့​သို့ သား​မြေး​တို့​သည်​မ​ဖြစ်၊ ဘု​ရား​သ​ခင်၏​အ​မှု​တော်​တို့​ကို​မ​မေ့၊ ဘု​ရား​သ​ခင်​ကို ယုံ​ကြည်​ကိုး​စား၍၊ ပ​ညတ်​တော်​တို့​ကို​စော​င့်​စေ​ခြင်း​ငှာ၊ ထို​တ​ရား​တို့​ကို ဘိုး​ဘေး​တို့​သည် သား​တို့​အား​ပြ​သ၍၊ ဖြစ်​လ​တ္တံ့​သော​အ​မျိုး​တည်း​ဟူ​သော၊ ဖွား​မြင်​လ​တ္တံ့​သော​သား​တို့​သည် သိ​နား​လည်၍၊ နောက်​တစ်​ဖန် မြေး​မြစ်​တို့​အား ပြ​သ​ကြ​မည်​အ​ကြောင်း ပ​ညတ်​ထား​တော်​မူ​ပြီ။