YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 77:1-6

ဆာလံ 77:1-6 JBMLE

ငါ​သည် ဘု​ရား​သ​ခင့်​ထံ​သို့ အ​သံ​ကို​လွှင့်၍ အော်​ဟစ်၏။ ဘု​ရား​သ​ခင့်​ထံ​သို့ အ​သံ​ကို​လွှင့်၍ ဘု​ရား​သ​ခင်​သည် ငါ့​စ​ကား​ကို နား​ထောင်​တော်​မူ​လိမ့်​မည်။ ဘေး​ရောက်​သည်​ကာ​လ၌ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ကို ရှာ​ရ၏။ ည​အ​ချိန်၌​ပင် လက်​ကို​ဆန့်​လျက်​နေ​ရ၏။ ငါ့​ဝိ​ညာဉ်​သည် သက်​သာ​ခြင်း​ကို ငြင်း​ပယ်၏။ ဘု​ရား​သ​ခင်​ကို အောက်​မေ့၍ စိတ်​ပူ​ပန်​ခြင်း​ရှိ၏။ ဆင်​ခြင်၍ စိတ်​ပျက်​ခြင်း​သို့ ရောက်​တတ်၏။ မျက်​စိ​မှိတ်၍ မ​ပျော်​နိုင်။ လှုပ်​ရှား​ခြင်း​ရှိ​သော​ကြောင့် နှုတ်​မ​မြွက်​နိုင်။ လွန်​လေ​ပြီး​သော နေ့​ရက်​ကို​လည်း​ကောင်း၊ ရှေး​ကာ​လ​ကို​လည်း​ကောင်း အောက်​မေ့၏။ ည​အ​ခါ၌​လည်း ငါ​သည် ကိုယ်​သီ​ချင်း​ကို​ဆင်​ခြင်၍၊ ကိုယ်​စိတ်​နှ​လုံး​နှင့် ဆွေး​နွေး​သ​ဖြင့်၊ ငါ့​ဝိ​ညာဉ်​သည် စစ်​ဆေး​ခြင်း​ကို ပြု၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။