YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 75

75
တ​ရား​စီ​ရင်​တော်​မူ​သော​ဘု​ရား​သ​ခင်
1အို​ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​တို့​သည် ကိုယ်​တော်​ကို ချီး​မွမ်း​ကြ​ပါ၏။ နာ​မ​တော်​နီး​ကြောင်း​ကို အံ့​ဖွယ်​သော အ​မှု​တော်​တို့​သည် သက်​သေ​ခံ​ကြ​သည်​ဖြစ်၍၊ ကိုယ်​တော်​ကို ချီး​မွမ်း​ကြ​ပါ၏။
2ချိန်း​ချက်​သော အ​ချိန်​ကာ​လ​နှင့် ငါ​တွေ့​ကြုံ​သော​အ​ခါ ဖြောင့်​မတ်​စွာ တ​ရား​စီ​ရင်​မည်။ 3မြေ​ကြီး​နှင့် မြေ​ကြီး​သား​အ​ပေါင်း​တို့​သည် လှုပ်​ရှား​ခြင်း​ရှိ​သည်​ဖြစ်၍၊ မြေ​ကြီး​တည်​သော​တိုင်​တို့​ကို ငါ​ထောက်​ခံ​ရ၏။ 4မိုက်​သော​အ​ကျင့်​ကို မ​ကျင့်​ကြ​နှင့်​ဟု မိုက်​သော​သူ​တို့​အား​လည်း​ကောင်း၊ ဦး​ချို​ကို မ​မြှောက်​ကြ​နှင့်။ 5သင်​တို့၏ ဦး​ချို​ကို မ​ချီး​မြှောက်​ကြ​နှင့်။ လည်​ပင်း​ခိုင်​မာ​လျက် မ​ပြော​ကြ​နှင့်​ဟု မ​တ​ရား​သော​သူ​တို့​အား​လည်း​ကောင်း ငါ​ပြော​ထား၏။ 6အ​ရှေ့၊ အ​နောက်၊ တောင်​အ​ရပ်​တို့​တွင် အ​ဘယ်​အ​ရပ်​မျှ​ကျေး​ဇူး​မ​ပြု​နိုင်။ 7ဘု​ရား​သ​ခင်​သည် စီ​ရင်​ပိုင်​တော်​မူ၏။ တစ်​ယောက်​ကို​နှိမ့်​ချ၍၊ တစ်​ယောက်​ကို ချီး​မြှောက်​တော်​မူ၏။ 8ထာ​ဝ​ရ​ဘု​ရား၏​လက်​တော်၌ ဖ​လား​ရှိ၏။ နီ​သော​စ​ပျစ်​ရည်​ပါ၏။ ဆေး​မျိုး​နှင့် ရော​လျက်​ရှိ၏။ ထို​စ​ပျစ်​ရည်​ကို လောင်း​တော်​မူ၏။ အ​နည်​အ​ဖတ်​ကို​လည်း မ​တ​ရား​သော မြေ​သား​အ​ပေါင်း​တို့​သည် ညှစ်၍​သောက်​ရ​ကြ၏။ 9ငါ​မူ​ကား အ​စဉ်​မ​ပြတ်​ချီး​မွမ်း၍၊ ယာ​ကုပ်​အ​မျိုး၏​ဘု​ရား​သ​ခင်​ကို ထော​မ​နာ​သီ​ချင်း​ဆို​ပါ​မည်။ 10မ​တ​ရား​သော​သူ​တို့၏ ဦး​ချို​အ​ပေါင်း​ကို ငါ​ချိုး​မည်။ တ​ရား​သော​သူ၏ ဦး​ချို​တို့​မူ​ကား၊ ချီး​မြှောက်​ခြင်း​သို့ ရောက်​ရ​ကြ​လိမ့်​မည်။

လက်ရှိရွေးချယ်ထားမှု

ဆာလံ 75: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ