YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 74

74
အ​မျိုး​သား​လွတ်​မြောက်​ရေး​အ​တွက် ဆု​တောင်း
1အို ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​တို့​ကို အ​ဘယ်​ကြောင့် အ​စဉ်​စွန့်​ပစ်​တော်​မူ​သ​နည်း။ ကိုယ်​တော်​ထံ​မှာ ကျက်​စား​သော​သိုး​တို့​ကို အ​ဘယ်​ကြောင့် အ​မျက်​ထွက်​တော်​မူ​သ​နည်း။ 2ရှေး​က အ​ပိုင်​ရ​တော်​မူ​သော လူ​အ​စည်း​အ​ဝေး​ကို​လည်း​ကောင်း၊ ရွေး​တော်​မူ​သော အ​မွေ​တော်​အ​ဖို့​ကို​လည်း​ကောင်း၊ ကျိန်း​ဝပ်​တော်​မူ​ရာ ဇိ​အုန်​တောင်​ကို​လည်း​ကောင်း အောက်​မေ့​တော်​မူ​ပါ။ 3သန့်​ရှင်း​ရာ​ဌာ​န၌ ရန်​သူ​သည် မ​တ​ရား​သ​ဖြင့်​ပြု၍၊ အ​မြဲ​သုတ်​သင်​ပယ်​ရှင်း​ရာ​အ​ရပ်​သို့ ကြွ​တော်​မူ​ပါ။ 4ကိုယ်​တော်၏ လူ​စည်း​ဝေး​ရာ​အ​ရပ်၌ ရန်​သူ​တို့​သည် အော်​ဟစ်​ကြ​ပါ၏။ လ​က္ခ​ဏာ​သက်​သေ​တော်​အ​ရာ၌ သူ​တို့​လ​က္ခ​ဏာ​သက်​သေ​တို့​ကို ထား​ကြ​ပါ​ပြီ။ 5လိ​မ္မာ​သော​သူ​သည် ထူ​ထပ်​သော​တော​ကို ပု​ဆိန်​နှင့် ခုတ်​သ​ကဲ့​သို့၊ 6ယ​ခု​တွင် ဗိ​မာန်​တော်​တန်​ဆာ​များ​ကို ပု​ဆိန်၊ သံ​တူ​နှင့် တစ်​ပြိုင်​နက်​ရိုက်​ချိုး​ကြ​ပါ၏။ 7သန့်​ရှင်း​ရာ​ဌာ​န​တော်​ကို မီး​ရှို့​ကြ​ပါ၏။ နာ​မ​တော်​ကျိန်း​ဝပ်​ရာ​တဲ​တော်​ကို မြေ​တိုင်​အောင် ရှုတ်​ချ​ကြ​ပါ၏။ 8ဤ​အ​မျိုး​သား​အ​ပေါင်း​တို့​ကို အ​တူ​ဖျက်​ဆီး​ကြ​ကုန်​အံ့​ဟု​ဆို၍၊ မြေ​တစ်​ပြင်​လုံး​တွင် ဘု​ရား​သ​ခင်၏ တ​ရား​ဇ​ရပ်​တို့​ကို မီး​ရှို့​ကြ​ပါ၏။ 9အ​ကျွန်ုပ်​တို့​သည် ကိုယ်​လ​က္ခ​ဏာ သက်​သေ​များ​ကို မ​မြင်​ရ​ပါ။ ပ​ရော​ဖက်​သည် တစ်​ဖန်​မ​ပေါ်​မ​ရှိ​ပါ။ အ​ကျွန်ုပ်​တို့​တွင် ကာ​လ​အ​ပိုင်း​အ​ခြား​ကို သိ​သော​သူ​မ​ရှိ​ပါ။
10အို ဘု​ရား​သ​ခင်၊ ရန်​သူ​သည် အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး ကဲ့​ရဲ့​ပါ​လိမ့်​မည်​နည်း။ ရန်​ဘက်​ပြု​သော​သူ​သည် နာ​မ​တော်​ကို အ​စဉ်​မ​ထီ​မဲ့​မြင် ပြု​ရ​ပါ​မည်​လော။ 11လက်​ယာ​လက်​တော်​ကို အ​ဘယ်​ကြောင့် ရုပ်​သိမ်း​တော်​မူ​သ​နည်း။ ရင်​ခွင်​တော်​ထဲ​က​ထုတ်၍ ဖျက်​ဆီး​တော်​မူ​ပါ။ 12အ​ကယ်​စင်​စစ် ဘု​ရား​သ​ခင်​သည် ရှေး​ကာ​လ​မှ​စ၍၊ ကယ်​တင်​တော်​မူ​ခြင်း​ကို မြေ​အ​လယ်၌​ပြု​သော ငါ​တို့၏​ရှင်​ဘု​ရင် ဖြစ်​တော်​မူ၏။ 13ကိုယ်​တော်​သည် တန်​ခိုး​တော်​အား​ဖြင့် ပင်​လယ်​ကို​ခွဲ​တော်​မူ​ပြီ။ ရေ​ထဲ​မှာ မိ​ကျောင်း​တို့၏ ဦး​ခေါင်း​တို့​ကို ချိုး​တော်​မူ​ပြီ။#ထွ၊ ၁၄:၂၁။ 14လ​ဝိ​သန်၏​ဦး​ခေါင်း​တို့​ကို နှိပ်​စက်၍ တော​တွင်း​သား​တို့ စား​စ​ရာ​ဖို့ အပ်​ပေး​တော်​မူ​ပြီ။#ယောဘ၊ ၄၁:၁၊ ဆာ၊ ၁၀၄:၂၆၊ ဟေရှာ၊ ၂၇:၁။ 15စမ်း​ရေ​နှင့် ချောင်း​ရေ​ကို ပေါက်​စေ​တော်​မူ​ပြီ။ ရေ​မ​ပြတ်​သော​မြစ်​တို့​ကို​လည်း ခန်း​ခြောက်​စေ​တော်​မူ​ပြီ။ 16နေ့​နှင့် ည​ကို ပိုင်​တော်​မူ၏။ နေ​မှ​စ၍ အ​လင်း​အိမ်​တို့​ကို ဖန်​ဆင်း​တော်​မူ​ပြီ။ 17မြေ​ကြီး၏ အ​ကန့်​အ​ကွက်​ရှိ​သ​မျှ​တို့​ကို​လည်း​ကောင်း၊ နွေ​ကာ​လ​နှင့် ဆောင်း​ကာ​လ​ကို​လည်း​ကောင်း စီ​ရင်​တော်​မူ​ပြီ။
18ရန်​သူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို​ကဲ့​ရဲ့၍၊ လူ​မိုက်​တို့​သည် နာ​မ​တော်​အား မ​ထီ​မဲ့​မြင်​ပြု​ကြ​သည်​ကို အောက်​မေ့​တော်​မူ​ပါ။ 19ကိုယ်​တော်၏​ချိုး​ငှက်​အ​သက်​ကို သား​ရဲ၌ အပ်​တော်​မ​မူ​ပါ​နှင့်။ ကိုယ်​တော်၏ ဆင်း​ရဲ​သား​တို့ အ​စည်း​အ​ဝေး​ကို အ​စဉ်​မေ့​လျော့​တော်​မ​မူ​ပါ​နှင့်။ 20ပ​ဋိ​ညာဉ်​တော်​ကို ထောက်​တော်​မူ​ပါ။ အ​ကြောင်း​မူ​ကား၊ မြေ​ကြီး​ပေါ်​မှာ မှောင်​မိုက်​သော​အ​ရပ်​တို့​သည် လု​ယူ​ညှဉ်း​ဆဲ​ခြင်း​နေ​ရာ​သက်​သက် ဖြစ်​ကြ​ပါ၏။ 21နှိပ်​စက်​ခြင်း​ကို​ခံ​ရ​သော​သူ​တို့​သည် စိတ်​ပျက်၍ မ​သွား​ကြ​ပါ​စေ​နှင့်။ ဆင်း​ရဲ​ငတ်​မွတ်​သော​သူ​တို့​သည် နာ​မ​တော်​ကို ချီး​မွမ်း​ကြ​ပါ​စေ​သော။ 22အို ဘု​ရား​သ​ခင်၊ ထ​တော်​မူ​ပါ။ ကိုယ်​အ​မှု​ကို စီ​ရင်​ဆုံး​ဖြတ်​တော်​မူ​ပါ။ မိုက်​သော​သူ​သည် ကိုယ်​တော်​အား အ​စဉ်​ကဲ့​ရဲ့​သည်​ကို အောက်​မေ့​တော်​မူ​ပါ။ 23ကိုယ်​တော်၏ ရန်​သူ​တို့​အ​သံ​ကို မေ့​လျော့​တော်​မ​မူ​ပါ​နှင့်။ ကိုယ်​တော်​ကို ပုန်​ကန်​သော​သူ​တို့၏ ရုန်း​ရင်း​ခတ်​ခြင်း​အ​သံ​သည် အ​စဉ်​မ​ပြတ် တိုး​တက်​လျက်​ရှိ​ပါ၏။

လက်ရှိရွေးချယ်ထားမှု

ဆာလံ 74: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ