YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 69:1-36

ဆာလံ 69:1-36 JBMLE

အ​ကျွန်ုပ်​ကို ကယ်​ယူ​တော်​မူ​ပါ​ဘု​ရား။ ရေ​သည် အ​ကျွန်ုပ်​အ​သက်​ဝိ​ညာဉ်​တိုင်​အောင် ရောက်​ပါ​ပြီ။ ခြေ​နင်း​ရာ​မ​ရှိ။ နက်​လှ​သော​ရွှံ့​ထဲ​မှာ ကျွံ​ပါ​ပြီ။ လှိုင်း​တံ​ပိုး​လွှမ်း​မိုး​ရာ နက်​သော​ရေ​ထဲ​သို့ ရောက်​ပါ​ပြီ။ အော်​ဟစ်၍ ပင်​ပန်း​ပါ​ပြီ။ လည်​ချောင်း​ခြောက်​ပါ​ပြီ။ အ​ကျွန်ုပ်၏​ဘု​ရား​သ​ခင်​ကို အ​ကျွန်ုပ်​မျှော်​ကြည့်၍ မျက်​စိ​ပျက်​ပါ​ပြီ။ အ​ကြောင်း​မ​ရှိ​ဘဲ အ​ကျွန်ုပ်​ကို မုန်း​သော​သူ​တို့​သည် အ​ကျွန်ုပ်၏​ဆံ​ပင်​ထက် များ​ကြ​ပါ၏။ မ​ဟုတ်​မ​မှန်​ဘဲ အ​ကျွန်ုပ်​ကို ရန်​ဘက်​ပြု၍ ဖျက်​ဆီး​သော​သူ​တို့​သည် ခွန်​အား​ကြီး​ကြ​ပါ၏။ ထို​အ​ခါ အ​ကျွန်ုပ်​သည် မ​ယူ​သော​ဥ​စ္စာ​ကို​ပင် ပြန်​ပေး​ရ​ပါ၏။ အို​ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​မိုက်​ခြင်း​အ​မှု​ကို ကိုယ်​တော်​သိ​တော်​မူ၏။ အ​ကျွန်ုပ်၏​အ​ပြစ်​တို့​ကို ရှေ့​တော်၌ ဝှက်၍ မ​ထား​ရ​ပါ။ ကောင်း​ကင်​ဗိုလ်​ခြေ​သ​ခင် အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ကို မျှော်​လင့်​သော​သူ​တို့​သည် အ​ကျွန်ုပ် အ​ကြောင်း​ကြောင့် စိတ်​မ​ပျက်​ကြ​ပါ​စေ​နှင့်။ ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင်၊ ကိုယ်​တော်​ကို ရှာ​သော​သူ​တို့​သည် အ​ကျွန်ုပ်​အ​ကြောင်း​ကြောင့် ရှက်​ကြောက်​ခြင်း​သို့ မ​ရောက်​ကြ​ပါ​စေ​နှင့်။ ကိုယ်​တော်​အ​တွက် အ​ကျွန်ုပ်​သည် ကဲ့​ရဲ့​ခြင်း​ကို​ခံ​ရ​ပါ၏။ အ​ကျွန်ုပ်​မျက်​နှာ​သည် ရှက်​ခြင်း​နှင့် ပြည့်​စုံ​ပါ၏။ ကိုယ်​ညီ​အစ်​ကို​တို့​တွင်၊ လူ​စိမ်း​ဖြစ်​ခဲ့​ပါ​ပြီ။ တစ်​မိ​တည်း​သော ပေါက်​ဖော်​တို့​တွင်၊ တစ်​ကျွန်း​တစ်​နိုင်​ငံ​သား ဖြစ်​ခဲ့​ပါ​ပြီ။ ကိုယ်​တော်၏​အိမ်​တော်၌ စွဲ​လမ်း​ပူ​ပန်​ခြင်း​စိတ်​သည် အ​ကျွန်ုပ်​ကို​စား​ပါ၏။ ကိုယ်​တော်​ကို ကဲ့​ရဲ့​သော သူ​တို့၏​စ​ကား​သည် အ​ကျွန်ုပ်​အ​ပေါ်​သို့ ရောက်​ပါ၏။ အ​ကျွန်ုပ်​သည်​ငို​ကြွေး၍ စိတ်​နှ​လုံး​ပါ​လျက်၊ အ​စာ​ရှောင်​သော အ​ကျင့်​ကြောင့်​ပင် ကဲ့​ရဲ့​ခြင်း​ကို ခံ​ရ​ပါ၏။ လျှော်​တေ​အ​ဝတ်​ကို ဝတ်​သော​အ​ခါ၊ သူ​တို့​သည် သ​ရော်​တတ်​ကြ​ပါ၏။ ရုံး၌ ထိုင်​သော​သူ​တို့​သည် အ​ကျွန်ုပ်​တစ်​ဖက်​မှာ​ပြော​ဆို၍၊ သေ​သောက်​ကြူး​တို့​သည် အ​ကျွန်ုပ်​ကို အ​ကြောင်း​ပြု​လျက် တေး​ဖွဲ့၍ ဆို​တတ်​ကြ​ပါ၏။ အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​မူ​ကား၊ မင်္ဂ​လာ​အ​ချိန်​ကာ​လ၌ ကိုယ်​တော်​ကို ဆု​တောင်း​ပါ၏။ အို​ဘု​ရား​သ​ခင်၊ က​ရု​ဏာ​တော် ကြွယ်​ဝ​သည်​နှင့်​အ​ညီ၊ ကယ်​တင်​တော်​မူ​ခြင်း သ​စ္စာ​အ​တိုင်း၊ အ​ကျွန်ုပ်​စ​ကား​ကို နား​ထောင်​တော်​မူ​ပါ။ အ​ကျွန်ုပ်​ကို ရွှံ့​ထဲ​က ကယ်​နုတ်​တော်​မူ​ပါ။ နစ်​စေ​တော်​မ​မူ​ပါ​နှင့်။ အ​ကျွန်ုပ်​ကို မုန်း​သော​သူ​တို့ လက်​မှ​လည်း​ကောင်း၊ နက်​သော​ရေ​ထဲ​က​လည်း​ကောင်း လွှတ်​ပါ​စေ​သော။ ရေ​ထ၍ မ​လွှမ်း​ပါ​စေ​နှင့်။ နက်​နဲ​ရာ၌ မ​မြုပ်​ပါ​စေ​နှင့်။ အ​ကျွန်ုပ်​အ​ပေါ်​မှာ တွင်း​ဝ​မ​ပိတ်​ပါ​စေ​နှင့်။ အို​ထာ​ဝ​ရ​ဘု​ရား၊ ကျေး​ဇူး​ပြု​ချင်​သော စေ​တ​နာ​တော်​သည် ကောင်း​မွန်​သော​ကြောင့်၊ အ​ကျွန်ုပ်​စ​ကား​ကို နား​ထောင်​တော်​မူ​ပါ။ စုံ​မက်​တော်​မူ​ခြင်း​က​ရု​ဏာ​များ​ပြား​သည်​နှင့်​အ​ညီ၊ အ​ကျွန်ုပ်​ကို မျက်​နှာ​ပြ​တော်​မူ​ပါ။ ကိုယ်​တော်၏​ကျွန်​မှ မျက်​နှာ​တော်​ကို လွှဲ​တော်​မ​မူ​ပါ​နှင့်။ ဘေး​ရောက်​ပါ​ပြီ။ အ​လျင်​အ​မြန် နား​ထောင်​တော်​မူ​ပါ။ အ​ကျွန်ုပ်၏​အ​သက်​ဝိ​ညာဉ်​သို့ ချဉ်း​ကပ်၍ ရွေး​တော်​မူ​ပါ။ ရန်​သူ​များ​ရှိ​ကြောင်း​ကို ထောက်၍ ချမ်း​သာ​ပေး​တော်​မူ​ပါ။ အ​ကျွန်ုပ်​ခံ​ရ​သော ကဲ့​ရဲ့​ခြင်း၊ အ​ရှက်​ကွဲ​ခြင်း၊ အ​သ​ရေ​ပျက်​ခြင်း​တို့​ကို ကိုယ်​တော်​သည် သိ​တော်​မူ၏။ အ​ကျွန်ုပ်၏​ရန်​သူ​အ​ပေါင်း​တို့​သည် ရှေ့​တော်၌ ထင်​ရှား​လျက် ရှိ​ကြ​ပါ၏။ ကဲ့​ရဲ့​ခြင်း​အား​ဖြင့် အ​ကျွန်ုပ်​သည် စိတ်​ပျက်၍ အ​လွန်​ပူ​ဆွေး​ခြင်း​ရှိ​ပါ၏။ သ​နား​သော​သူ​ကို ကြည့်၍ မ​မြင်။ သက်​သာ​စေ​သော​သူ​ကို ရှာ၍ မ​တွေ့​ရ​ပါ။ အ​ကျွန်ုပ်​စား​စ​ရာ​ဖို့ ဆေး​ခါး​ကို ကျွေး​ကြ​ပါ၏။ ရေ​ငတ်​သော​အ​ခါ ပုံး​ရည်​ကို တိုက်​ကြ​ပါ၏။ သူ​တို့​စား​ပွဲ​သည် သူ​တို့​ရှေ့​မှာ ကျော့​ကွင်း​သော်​လည်း​ကောင်း၊ ခံ​ထိုက်​သော​အ​ပြစ်​သော်​လည်း​ကောင်း၊ ထောင်​ချောက်​သော်​လည်း​ကောင်း ဖြစ်​ပါ​စေ။ သူ​တို့​သည် မ​မြင်​နိုင်​အောင် မျက်​စိ​ကွယ်​ပါ​စေ။ သူ​တို့​ခါး​သည်​လည်း အ​စဉ်​တုန်​ပါ​စေ။ သူ​တို့​အ​ပေါ်​မှာ အ​မျက်​တော်​ကို သွန်း​လောင်း​တော်​မူ၍၊ အ​မျက်​တော်​အ​ရှိန်​သည် သူ​တို့​ကို မီ​ပါ​စေ။ သူ​တို့​နေ​ရာ​အ​ရပ်​သည် လူ​ဆိတ်​ညံ​ရာ​အ​ရပ် ဖြစ်​ပါ​စေ။ သူ​တို့​အိမ်၌​နေ​သော​သူ မ​ရှိ​ပါ​စေ​နှင့်။ အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် ဒဏ်​ခတ်​တော်​မူ​သော​သူ​ကို ညှဉ်း​ဆဲ​ကြ​ပါ၏။ နာ​စေ​တော်​မူ​သော​သူ​တို့​ကို ထပ်၍ နာ​စေ​ကြ​ပါ၏။ သူ​တို့​အ​ပြစ်၌ အ​ပြစ်​ကို​ထပ်၍ ပေး​တော်​မူ​ပါ။ ကု​သိုလ်​တော်​နှင့် မ​ဆိုင်​ကြ​ပါ​စေ​နှင့်။ အ​သက်​ရှင်​သော​သူ​တို့​စာ​ရင်း၌ သူ​တို့​နာ​မည်​များ​ကို​ချေ၍၊ ဖြောင့်​မတ်​သော​သူ​တို့​နှင့်​အ​တူ မ​ရေး​မ​မှတ်​ပါ​စေ​နှင့်။ အ​ကျွန်ုပ်​မူ​ကား၊ ဆင်း​ရဲ​ငြို​ငြင်​ပါ၏။ အို​ဘု​ရား​သ​ခင်၊ ကယ်​တင်​တော်​မူ​ခြင်း​ကျေး​ဇူး​သည် အ​ကျွန်ုပ်​ကို ချီး​မြှင့်​ပါ​စေ​သော။ ငါ​သည် ဘု​ရား​သ​ခင်၏​နာ​မ​တော်​ကို ထော​မ​နာ​သီ​ချင်း​ဆို​မည်။ ကျေး​ဇူး​တော်​ကို​ပြ၍ ဘု​ရား​သ​ခင်​ကို ချီး​မွမ်း​မည်။ ထာ​ဝ​ရ​ဘု​ရား​သည် ချို​နှင့်​လည်း​ကောင်း၊ ခွာ​နှင့်​လည်း​ကောင်း ပြည့်​စုံ​သော​နွား​လား​ကို နှစ်​သက်​သည်​ထက်၊ ထို​အ​ကျင့်​ကို သာ၍​နှစ်​သက်​တော်​မူ​လိမ့်​မည်။ နှိမ့်​ချ​သော​သူ​တို့​သည်​မြင်၍ ဝမ်း​မြောက်​ကြ​လိမ့်​မည်။ ဘု​ရား​သ​ခင်​ကို ရှာ​သော​သူ​တို့၏ စိတ်​နှ​လုံး​သည် အား​ပြည့်​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​သည် ဆင်း​ရဲ​သော​သူ​တို့၏​စ​ကား​ကို နား​ထောင်​တော်​မူ၏။ အ​ချုပ်​ခံ​ရ​သော မိ​မိ​လူ​တို့​ကို မ​ထီ​မဲ့​မြင် ပြု​တော်​မ​မူ​တတ်။ ကောင်း​ကင်၊ မြေ​ကြီး၊ သ​မု​ဒ္ဒ​ရာ​တို့​နှင့်​တ​ကွ အ​ရပ်​ရပ်၌ ကျင်​လည်​သော​သ​တ္တ​ဝါ​အ​ပေါင်း​တို့​သည် ဘု​ရား​သ​ခင်​ကို ချီး​မွမ်း​ကြ​ပါ​စေ​သော။ ဘု​ရား​သ​ခင်​သည် ဇိ​အုန်​မြို့​ကို​စောင့်၍၊ ယု​ဒ​မြို့​တို့​ကို ပြု​စု​တော်​မူ​သ​ဖြင့်၊ ထို​သူ​တို့​သည်​နေ၍ ပိုင်​ရ​ကြ​လိမ့်​မည်။ ကျွန်​တော်​မျိုး၏​သား​မြေး​တို့​သည် ထို​မြို့​ကို အ​မွေ​ခံ​ရ၍၊ နာ​မ​တော်​ကို ချစ်​သော​သူ​တို့​သည်​နေ​ရာ ကျ​ရ​ကြ​လိမ့်​မည်။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။