YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 67:3-7

ဆာလံ 67:3-7 JBMLE

အို ဘု​ရား​သ​ခင်၊ လူ​များ​တို့​သည် ကိုယ်​တော်​ကို ချီး​မွမ်း​ကြ​ပါ​စေ​သော။ လူ​များ​အ​ပေါင်း​တို့​သည် ကိုယ်​တော်​ကို ချီး​မွမ်း​ကြ​ပါ​စေ​သော။ လူ​အ​မျိုး​မျိုး​တို့​သည် ဝမ်း​မြောက်၍ ရွှင်​လန်း​စွာ သီ​ချင်း​ဆို​ကြ​ပါ​စေ​သော။ အ​ကြောင်း​မူ​ကား၊ ကိုယ်​တော်​သည် လူ​တို့​ကို ဖြောင့်​မတ်​စွာ​တ​ရား​စီ​ရင်၍၊ မြေ​ကြီး​ပေါ်​မှာ​ရှိ​သော လူ​မျိုး​တို့​ကို ချမ်း​သာ​ပေး​တော်​မူ​မည်။ အို ဘု​ရား​သ​ခင်၊ လူ​များ​တို့​သည် ကိုယ်​တော်​ကို ချီး​မွမ်း​ကြ​ပါ​စေ​သော။ လူ​များ​အ​ပေါင်း​တို့​သည် ကိုယ်​တော်​ကို ချီး​မွမ်း​ကြ​ပါ​စေ​သော။ မြေ​သည် မိ​မိ​ဘ​ဏ္ဍာ​ကို​ပေး၍၊ ဘု​ရား​သ​ခင်​တည်း​ဟူ​သော ငါ​တို့၏​ဘု​ရား​သ​ခင်​သည် ငါ​တို့​ကို ကောင်း​ချီး​ပေး​တော်​မူ၏။ ဘု​ရား​သ​ခင်​သည် ငါ​တို့​ကို​ကောင်း​ချီး​ပေး​တော်​မူ​ဦး​မည်။ မြေ​ကြီး​စွန်း​အ​ပေါင်း​တို့​သည်​လည်း၊ ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​ကြ​လိမ့်​မည်။