YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 46:1-7

ဆာလံ 46:1-7 JBMLE

ဘု​ရား​သ​ခင်​သည် ငါ​တို့​ခို​လှုံ​ရာ​ဖြစ်၍၊ ခွန်​အား​ကို​ပေး​တော်​မူ၏။ ဘေး​ရောက်​သည်​ကာ​လ အ​ထူး​သ​ဖြင့် ကူ​မ​တော်​မူ​ကြောင်း ထင်​ရှား​လျက်​ရှိ၏။ ထို​ကြောင့် ပ​ထ​ဝီ​မြေ​ကြီး​သည်​ရွေ့​သွား၍ တောင်​များ​တုန်​လှုပ်​လျက် သ​မု​ဒ္ဒ​ရာ​သို့​ကျ​သော်​လည်း၊ ငါ​တို့​သည် ကြောက်​လန့်​ခြင်း​မ​ရှိ။ သ​မု​ဒ္ဒ​ရာ​ရေ​သည် ဟုန်း​ဟုန်း​မြည်၍ မွှေ​နှောက်​ပါ​လေ​စေ။ လှိုင်း​တံ​ပိုး​ထ​သ​ဖြင့်၊ တောင်​များ​တုန်​လှုပ်​ပါ​လေ​စေ။ မြစ်​တစ်​မြစ်​ရှိ​သေး၏။ ထို​မြစ်​ရေ​သည်​စီး၍ ဘု​ရား​သ​ခင်၏ မြို့​တည်း​ဟူ​သော အ​မြင့်​ဆုံး​သော​ဘု​ရား ကျိန်း​ဝပ်​တော်​မူ​ရာ သန့်​ရှင်း​သော​မြို့​တော်​ကို ရွှင်​လန်း​စေ​တတ်၏။ ထို​မြို့​သည် ဘု​ရား​သ​ခင်​ကျိန်း​ဝပ်​တော်​မူ​ရာ​ဖြစ်၍ တုန်​လှုပ်​ခြင်း​မ​ရှိ​ရာ။ မိုး​သောက်​လင်း​စ၌ ဘု​ရား​သ​ခင် ကူ​မ​တော်​မူ​လိမ့်​မည်။ လူ​မျိုး​တို့​သည် ဟုန်း​ဟုန်း​မြည်​ကြ၏။ တိုင်း​နိုင်​ငံ​တို့​သည် လှုပ်​ရှား​ကြ၏။ ဗျာ​ဒိတ်​သံ​ကို လွှတ်​တော်​မူ၍ မြေ​ကြီး​သည် အ​ရည်​ဖြစ်​လေ၏။ ကောင်း​ကင်​ဗိုလ်​ခြေ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​နှင့်​အ​တူ​ရှိ​တော်​မူ၏။ ယာ​ကုပ်​အ​မျိုး၏ ဘု​ရား​သ​ခင်​သည် ငါ​တို့ ခို​လှုံ​ရာ​ဖြစ်​တော်​မူ၏။