YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 4:1-3

ဆာလံ 4:1-3 JBMLE

အ​ကျွန်ုပ်​ကို ဖြောင့်​မတ်​စေ​တော်​မူ​သော​ဘု​ရား၊ အ​ကျွန်ုပ်​ခေါ်​သော​အ​ခါ နား​ထောင်​တော်​မူ​ပါ။ အ​ကျွန်ုပ်​သည် ဆင်း​ရဲ​စဉ်​တွင် ကိုယ်​တော်​သည် ချမ်း​သာ​ပေး​တော်​မူ​ပါ​ပြီ။ ယ​ခု​လည်း​သ​နား၍ အ​ကျွန်ုပ်၏​ပ​တ္ထ​နာ​စ​ကား​ကို နား​ထောင်​တော်​မူ​ပါ။ အ​ချင်း​လူ​သား​တို့၊ အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး ငါ၏​ဘုန်း​ကို ရှုတ်​ချ​ကြ​မည်​နည်း။ အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး အ​န​တ္တ​ကို နှစ်​သက်၍ မု​သား​ကို လိုက်​ရှာ​ကြ​မည်​နည်း။ ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​သန့်​ရှင်း​သူ​ကို ရွေး​ထား​တော်​မူ​သည်​ကို သိ​မှတ်​ကြ​လော့။ ငါ​ခေါ်၍ လျှောက်​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား​သည် နား​ထောင်​တော်​မူ​လိမ့်​မည်။