YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 39

39
ကိုယ်​တော်၌​မျှော်​လင့်​ခြင်း
1ငါ​သည်​စ​ကား​ဖြင့်​မျှ မ​ပြစ်​မှား​မည်​အ​ကြောင်း၊ ကိုယ်​အ​ကျင့်​ကို သ​တိ​ပြု​မည်။ မ​တ​ရား​သော​သူ​သည် ငါ့​ရှေ့​မှာ​ရှိ​စဉ်၊ ငါ​သည်​ကိုယ်​နှုတ်​ကို ချည်​နှောင်​မည်​ဟု ငါ​ပြော​ထား၏။ 2စ​ကား​မ​ပြော​ဘဲ အ​လျက်​နေ၏။ ကောင်း​သော​အ​ရာ​ကို​ပင် မ​ပြော။ ထို​သို့​နေ​စဉ်၊ ငါ​သည် စိတ်​ညစ်​ညူး​ခြင်း​ရှိ၏။ 3ကိုယ်​အ​ထဲ​မှာ နှ​လုံး​ပူ​ဆွေး​ခြင်း​ရှိ၏။ ငါ​ညည်း​တွား​စဉ်၊ မီး​လောင်​လေ၏။ ထို​အ​ခါ​ငါ​သည် နှုတ်​မြွက်၏။
4အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည် ကိုယ်​ပျက်​တတ်​သော သ​ဘော​ကို သိ​ရ​ပါ​မည်​အ​ကြောင်း၊ အ​ကျွန်ုပ်၏ လမ်း​ဆုံး​ကို​လည်း​ကောင်း၊ အ​ကျွန်ုပ်၏ အ​သက်​အ​ပိုင်း​အ​ခြား​ကို​လည်း​ကောင်း သိ​စေ​တော်​မူ​ပါ။ 5အ​ကျွန်ုပ်​အ​သက်​တာ​ကို တစ်​မိုက်​မျှ​သာ ခန့်​ထား​တော်​မူ​ပြီ။ အ​ကျွန်ုပ်​အ​ရွယ်​သည် ရှေ့​တော်၌ ဘာ​မျှ​မ​ဟုတ်​သ​ကဲ့​သို့ ဖြစ်​ပါ၏။ အ​ကယ်​စင်​စစ်​လူ​မည်​သည်​ကား၊ လူ၏​အ​ထွတ်​သို့ ရောက်​သော်​လည်း၊ အ​န​တ္တ​သက်​သက်​ဖြစ်​ပါ၏။ 6အ​ကယ်​စင်​စစ်​လူ​သည် အ​ရိပ်၌​သာ ကျင်​လည်​ပါ၏။ အ​ကယ်​စင်​စစ် လူ​တို့​သည် အ​ကျိုး​မဲ့ ပင်​ပန်း​ကြ​ပါ၏။ ဥ​စ္စာ​ကို​ဆည်း​ပူး​သော်​လည်း အ​ဘယ်​သူ​ရ​အံ့​သည်​ကို မ​သိ​ရ​ပါ။
7ယ​ခု​မူ​ကား၊ အ​ကျွန်ုပ်​သည် အ​ဘယ်​သို့ မျှော်​လင့်​ရ​ပါ​မည်​နည်း။ အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်၌​သာ မျှော်​လင့်​စ​ရာ​အ​ကြောင်း​ရှိ​ပါ၏။ 8ပြစ်​မှား​မိ​သ​မျှ​သော​အ​ပြစ်​တို့​မှ အ​ကျွန်ုပ်​ကို လွှတ်​တော်​မူ​ပါ။ မိုက်​သော​သူ​တို့၏ ကဲ့​ရဲ့​ခြင်း​ကို ခံ​စေ​တော်​မ​မူ​ပါ​နှင့်။ 9ကိုယ်​တော်​စီ​ရင်​တော်​မူ​ရာ ဖြစ်​သော​ကြောင့်၊ အ​ကျွန်ုပ်​ပြော​စ​ရာ​မ​ရ။ နှုတ်​ကို မ​ဖွင့်​ဘဲ​နေ​ရ​ပါ၏။ 10အ​ကျွန်ုပ်​ကို ဒဏ်​ခတ်​တော်​မ​မူ​ပါ​နှင့်​ဦး။ လက်​တော်​အောက်၌ ဆုံး​မ​ခြင်း​ကို​ခံ​ရ၍ အား​ကုန်​ပါ​ပြီ။ 11ကိုယ်​တော်​သည် လူ​တို့​အ​ပြစ်​ကြောင့် ဆုံး​မ၍ ဒဏ်​ခတ်​တော်​မူ​လျှင်၊ ပိုး​ရွ​ဖျက်​တတ်​သ​ကဲ့​သို့၊ လူ​တို့၏ တင့်​တယ်​ခြင်း​အ​သ​ရေ​ကို ပြယ်​ပျောက်​စေ​တော်​မူ၏။ အ​ကယ်​စင်​စစ် လူ​ခပ်​သိမ်း​တို့​သည် အ​န​တ္တ​သက်​သက် ဖြစ်​ကြ​ပါ၏။ 12အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​ဆု​တောင်း​ခြင်း​ပ​တ္ထ​နာ​ကို ကြား​တော်​မူ​ပါ။ အ​ကျွန်ုပ် အော်​ဟစ်​သော​အ​သံ​ကို နား​ထောင်​တော်​မူ​ပါ။ အ​ကျွန်ုပ်​မျက်​ရည်​ကို ကြည့်၍ နေ​တော်​မ​မူ​ပါ​နှင့်။ ဘိုး​ဘေး​အ​ပေါင်း​တို့​သည် ဖြစ်​ဖူး​သ​ကဲ့​သို့၊ အ​ကျွန်ုပ်​သည် ရှေ့​တော်၌ ဧည့်​သည်​အာ​ဂ​န္တု​ဖြစ်၏။ 13အ​ကျွန်ုပ်​သည် ရွေ့​သွား၍​မ​ပျောက်​မီ​တွင် သက်​သာ​ရ​မည်​အ​ကြောင်း၊ မျက်​နှာ​လွှဲ​တော်​မူ​ပါ။

လက်ရှိရွေးချယ်ထားမှု

ဆာလံ 39: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ