YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 37:3-7

ဆာလံ 37:3-7 JBMLE

ထာ​ဝ​ရ​ဘု​ရား​ကို ခို​လှုံ၍၊ ကောင်း​သော​အ​ကျင့်​ကို ကျင့်​လော့။ ပြည်​တော်၌​နေ၍၊ သ​စ္စာ​တ​ရား​ကို ကျက်​စား​လော့။ ထာ​ဝ​ရ​ဘု​ရား၌ မွေ့​လျော်​ခြင်း​ရှိ​လော့။ သို့​ပြု​လျှင်၊ စိတ်​နှ​လုံး​အ​လို ပြည့်​စုံ​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ​မည်။ ကိုယ်​အ​မှု​အ​ရာ​ကို ထာ​ဝ​ရ​ဘု​ရား၌ အပ်​လော့။ ကိုယ်​တော်​ကို ကိုး​စား​လော့။ သို့​ပြု​လျှင် စီ​ရင်​တော်​မူ​မည်။ သင်၏ ဖြောင့်​မတ်​ခြင်း​အ​ကြောင်း​ကို အ​လင်း​ကဲ့​သို့​လည်း​ကောင်း၊ တ​ရား​သ​ဖြင့်​ပြု​ခြင်း​အ​ရာ​ကို မွန်း​တည့်​ရောင်​ခြည် ကဲ့​သို့​လည်း​ကောင်း၊ ဖော်​ပြ​တော်​မူ​မည်။ ထာ​ဝ​ရ​ဘု​ရား​ရှေ့​မှာ ငြိမ်​ဝပ်​စွာ​နေ၍၊ ကိုယ်​တော်​ကို​ငံ့​လင့်​လော့။ မိ​မိ​အ​မှု၌ အောင်​တတ်​သော​သူ၊ မ​ကောင်း​သော​အ​ကြံ​အ​စည်​တို့​ကို ပြီး​စေ​သော​သူ၏​အ​ကြောင်း​ကြောင့် စိတ်​မ​ပူ​နှင့်။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။