YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 37:1-22

ဆာလံ 37:1-22 JBMLE

လူ​ဆိုး​တို့​အ​ကြောင်း​ကြောင့် စိတ်​မ​ပူ​နှင့်။ မ​တ​ရား​သ​ဖြင့် ပြု​သော​သူ​တို့​ကို မ​ငြူ​စူ​နှင့်။ အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် မ​ကြာ​မ​မြင့်​မီ မြက်​ပင်​ကဲ့​သို့ ရိတ်​ခြင်း​ကို​ခံ​ရ၍၊ စိမ်း​သော​ပျိုး​ပင်​ညှိုး​နွမ်း​သ​ကဲ့​သို့ ဖြစ်​ရ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​ကို ခို​လှုံ၍၊ ကောင်း​သော​အ​ကျင့်​ကို ကျင့်​လော့။ ပြည်​တော်၌​နေ၍၊ သ​စ္စာ​တ​ရား​ကို ကျက်​စား​လော့။ ထာ​ဝ​ရ​ဘု​ရား၌ မွေ့​လျော်​ခြင်း​ရှိ​လော့။ သို့​ပြု​လျှင်၊ စိတ်​နှ​လုံး​အ​လို ပြည့်​စုံ​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ​မည်။ ကိုယ်​အ​မှု​အ​ရာ​ကို ထာ​ဝ​ရ​ဘု​ရား၌ အပ်​လော့။ ကိုယ်​တော်​ကို ကိုး​စား​လော့။ သို့​ပြု​လျှင် စီ​ရင်​တော်​မူ​မည်။ သင်၏ ဖြောင့်​မတ်​ခြင်း​အ​ကြောင်း​ကို အ​လင်း​ကဲ့​သို့​လည်း​ကောင်း၊ တ​ရား​သ​ဖြင့်​ပြု​ခြင်း​အ​ရာ​ကို မွန်း​တည့်​ရောင်​ခြည် ကဲ့​သို့​လည်း​ကောင်း၊ ဖော်​ပြ​တော်​မူ​မည်။ ထာ​ဝ​ရ​ဘု​ရား​ရှေ့​မှာ ငြိမ်​ဝပ်​စွာ​နေ၍၊ ကိုယ်​တော်​ကို​ငံ့​လင့်​လော့။ မိ​မိ​အ​မှု၌ အောင်​တတ်​သော​သူ၊ မ​ကောင်း​သော​အ​ကြံ​အ​စည်​တို့​ကို ပြီး​စေ​သော​သူ၏​အ​ကြောင်း​ကြောင့် စိတ်​မ​ပူ​နှင့်။ အ​မျက်​မ​ထွက်​စေ​နှင့်။ ဒေါ​သ​စိတ်​ကို စွန့်​ပယ်​လော့။ ပြစ်​မှား​စေ​ခြင်း​ငှာ တိုက်​တွန်း​တတ်​သော​စိတ် မ​ရှိ​စေ​နှင့်။ ပြစ်​မှား​သော​သူ​တို့​သည် ပယ်​ရှင်း​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​ကို မျှော်​လင့်​သော​သူ​တို့​မူ​ကား၊ ပြည်​တော်​ကို အ​မွေ​ခံ​ရ​ကြ​လိမ့်​မည်။ ခ​ဏ​ကြာ​ပြီး​မှ၊ မ​တ​ရား​သော​သူ​သည် မ​ရှိ​ရ။ သူ၏​နေ​ရာ​ကို စေ့​စေ့​ရှာ၍​မ​တွေ့​ရ။ စိတ်​နှိမ့်​ချ​သော​သူ​တို့​မူ​ကား၊ ပြည်​တော်​ကို​အ​မွေ​ခံ၍၊ များ​ပြား​သော​ငြိမ်​သက်​ခြင်း၌ မွေ့​လျော်​ကြ​လိမ့်​မည်။ မ​တ​ရား​သော​သူ​သည် ဖြောင့်​မတ်​သော​သူ​တစ်​ဖက်၌ ကြံ​စည်၍ အံ​သွား​ခဲ​ကြိတ်​တတ်၏။ သို့​သော်​လည်း သူ၏​နေ့​ရက်​အ​ချိန်​ရောက်​မည်​ကို ဘု​ရား​ရှင်​သိ​မြင်၍၊ သူ့​ကို​ပြုံး​ရယ်​တော်​မူ၏။ မ​တ​ရား​သော​သူ​တို့​သည် ဆင်း​ရဲ​ငတ်​မွတ်​သော သူ​တို့​ကို လှဲ​ချ​ခြင်း​ငှာ​လည်း​ကောင်း၊ ဖြောင့်​မတ်​စွာ​ကျင့်​သော​သူ​တို့​ကို သတ်​ခြင်း​ငှာ​လည်း​ကောင်း၊ ဓား​ကို​ထုတ်​လျက်၊ လေး​ကို​တင်​လျက် နေ​တတ်​ကြ၏။ သို့​သော်​လည်း၊ သူ​တို့​ဓား​သည် သူ​တို့​နှ​လုံး​ထဲ​သို့ ဝင်​လိမ့်​မည်။ သူ​တို့​လေး​တို့​သည်​လည်း ကျိုး​ကြ​လိမ့်​မည်။ ဖြောင့်​မတ်​သော​သူ၌ နည်း​သော​ဥ​စ္စာ​သည် မ​တ​ရား​သော​သူ​ကြီး​တို့၌ ကြွယ်​ဝ​သော​ဥ​စ္စာ​ထက် သာ၍​ကျေး​ဇူး​ရှိ၏။ အ​ကြောင်း​မူ​ကား၊ မ​တ​ရား​သော​သူ၏​လက်​ရုံး​သည် ကျိုး​ရ​လိမ့်​မည်။ ဖြောင့်​မတ်​သော​သူ​ကို​ကား၊ ထာ​ဝ​ရ​ဘု​ရား မ​စ​တော်​မူ၏။ ဖြောင့်​မတ်​သော​သူ​တို့၏​နေ့​ရက်​ကာ​လ​ကို ထာ​ဝ​ရ​ဘု​ရား သိ​မှတ်​တော်​မူ၍၊ သူ​တို့၏​အ​မွေ​ဥ​စ္စာ​သည် အ​စဉ်​အ​မြဲ တည်​လိမ့်​မည်။ သူ​တို့​သည် ခဲ​ယဉ်း​သော​ကာ​လ၌ မျက်​နှာ​မ​ပျက်၊ အ​စာ​ခေါင်း​ပါး​သည်​ကာ​လ၌ ဝ​စွာ​စား​ရ​ကြ၏။ မ​တ​ရား​သော​သူ​တို့​မူ​ကား၊ ပျက်​စီး​ခြင်း​သို့ ရောက်​ရ​ကြ​မည်။ ထာ​ဝ​ရ​ဘု​ရား၏​ရန်​သူ​တို့​သည် ကျက်​စား​ရာ​အ​ရပ်၏ အ​သ​ရေ​ကဲ့​သို့​ဆုံး၍၊ မီး​ခိုး​ဖြစ်​လျက် ကွယ်​ပျောက်​ကြ​လိမ့်​မည်။ မ​တ​ရား​သော​သူ​သည်​ချေး​ငှား၍ မ​ဆပ်​ဘဲ​နေ​တတ်၏။ ဖြောင့်​မတ်​သော​သူ​မူ​ကား၊ သ​နား​သော​စိတ်​ရှိ၍ ပေး​တတ်၏။ ကောင်း​ချီး​ပေး​တော်​မူ​ခြင်း​ကို ခံ​ရ​သော​သူ​သည် ပြည်​တော်​ကို အ​မွေ​ခံ​ရ​လိမ့်​မည်။ ကျိန်​တော်​မူ​ခြင်း​ကို ခံ​ရ​သော​သူ​မူ​ကား၊ ပယ်​ရှင်း​ခြင်း​သို့ ရောက်​ရ​လိမ့်​မည်။