YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 34:1-10

ဆာလံ 34:1-10 JBMLE

ငါ​သည် ခပ်​သိမ်း​သော​ကာ​လ​တို့၌ ထာ​ဝ​ရ​ဘု​ရား​ကို ကောင်း​ချီး​ပေး​မည်။ ဂုဏ်​ကျေး​ဇူး​တော်​ကို အ​စဉ်​မ​ပြတ် မြွက်​ဆို​မည်။ ငါ့​ဝိ​ညာဉ်​သည် ထာ​ဝ​ရ​ဘု​ရား​ကို အ​မှီ​ပြု၍ ဝါ​ကြွား​ခြင်း​ကို ပြု​မည်။ နှိမ့်​ချ​လျက်​ရှိ​သော သူ​တို့​သည် ကြား​သိ၍၊ ဝမ်း​မြောက်​ကြ​ပါ​စေ​သော။ ငါ​နှင့်​အ​တူ ထာ​ဝ​ရ​ဘု​ရား​ကို ချီး​မွမ်း​ကြ​လော့။ နာ​မ​တော်​ကို တ​ညီ​တ​ညွတ်​တည်း ချီး​မြှောက်​ကြ​ကုန်​အံ့။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ကို ရှာ​သော​အ​ခါ နား​ထောင်​တော်​မူ၏။ ကြောက်​မက်​ဖွယ်​သော​အ​ကြောင်း အ​လုံး​စုံ​တို့​အ​ထဲ​က ငါ့​ကို ကယ်​နုတ်​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား​ကို မျှော်​ကြည့်​ကြ​လော့။ အ​လင်း​ကို​ရ​ကြ​လိမ့်​မည်။ မျက်​နှာ​ရှက်​ကြောက်​ခြင်း​နှင့် ကင်း​လွတ်​ကြ​လိမ့်​မည်။ ဤ​ဆင်း​ရဲ​သော​သူ၏ အော်​ဟစ်​ခြင်း​အ​သံ​ကို ထာ​ဝ​ရ​ဘု​ရား​သည် နား​ထောင်၍၊ ခပ်​သိမ်း​သော ဆင်း​ရဲ​ထဲ​က ကယ်​လွှတ်​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​သော​သူ​တို့​ပတ်​လည်၌ ကောင်း​ကင်​တ​မန်​တော်​တို့​သည် တပ်​ချ၍ ကယ်​လွှတ်​တတ်​ကြ၏။ ထာ​ဝ​ရ​ဘု​ရား​သည် ကောင်း​မြတ်​တော်​မူ​သည်​အ​ကြောင်း​ကို မြည်း​စမ်း၍ သိ​မှတ်​ကြ​လော့။ ကိုယ်​တော်​ကို ခို​လှုံ​သော​သူ​သည် မင်္ဂ​လာ​ရှိ၏။ ထာ​ဝ​ရ​ဘု​ရား၏ သန့်​ရှင်း​သူ​တို့၊ ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​ကြ​လော့။ ကြောက်​ရွံ့​သော​သူ​တို့၌ ဆင်း​ရဲ​ခြင်း​မ​ရှိ​ရာ။ ခြင်္သေ့​တို့​သည် ဆင်း​ရဲ၍ ငတ်​မွတ်​ခြင်း​ကို​ခံ​ရ​သော်​လည်း၊ ထာ​ဝ​ရ​ဘု​ရား​ကို ရှာ​သော​သူ​တို့၌ ကောင်း​သော​အ​ရာ တစ်​စုံ​တစ်​ခု​မျှ မ​လို​ရာ။