YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 33:1-10

ဆာလံ 33:1-10 JBMLE

ဖြောင့်​မတ်​သော​သူ​တို့၊ ထာ​ဝ​ရ​ဘု​ရား​ကို​အ​မှီ​ပြု၍ ရွှင်​လန်း​စွာ သီ​ချင်း​ဆို​ကြ​လော့။ ထော​မ​နာ​ပြု​ခြင်း​အ​ကျင့်​သည် သ​ဘော​ဖြောင့်​သော​သူ​တို့​နှင့် ထိုက်​တန်​လျောက်​ပတ်​ပေ၏။ စောင်း​တီး၍ ထာ​ဝ​ရ​ဘု​ရား​ကို ချီး​မွမ်း​ကြ​လော့။ ကြိုး​ဆယ်​ပင်​ရှိ​သော တူ​ရိ​ယာ​နှင့် ထော​မ​နာ​သီ​ချင်း​ဆို​ကြ​လော့။ ရှေ့​တော်၌ အ​သစ်​သော​သီ​ချင်း​ကို ဆို​ကြ​လော့။ တံ​ပိုး​မှုတ်​ခြင်း​နှင့်​တ​ကွ သာ​ယာ​စွာ တီး​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ဖြောင့်​မတ်​ပေ၏။ စီ​ရင်​တော်​မူ​သ​မျှ​သော အ​မှု​တို့​သည်​လည်း သ​စ္စာ​တ​ရား​နှင့် ညီ​ကြ၏။ ဖြောင့်​မတ်​စွာ​ကျင့်​ခြင်း​နှင့် တ​ရား​သ​ဖြင့် စီ​ရင်​ခြင်း​ကို​နှစ်​သက်​တော်​မူ၏။ ပ​ထ​ဝီ​မြေ​ကြီး​သည် ထာ​ဝ​ရ​ဘု​ရား၏ ကျေး​ဇူး​တော်​နှင့် ပြည့်​ဝ​လျက်​ရှိ၏။ ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​အား​ဖြင့် မိုး​ကောင်း​ကင်​ကို​လည်း​ကောင်း၊ နှုတ်​တော်​အ​သက်​အား​ဖြင့် မိုး​ကောင်း​ကင် တန်​ဆာ​များ​ကို​လည်း​ကောင်း ဖန်​ဆင်း​တော်​မူ၏။ သ​မု​ဒ္ဒ​ရာ​ရေ​ကို စု​ပုံ​စု​ဝေး​စေ​တော်​မူ၏။ နက်​နဲ​သော​သ​မု​ဒ္ဒ​ရာ​ကို​လည်း လုံ​ခြုံ​ရာ​အ​ရပ်​တို့၌ သို​ထား​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား​ကို မြေ​ကြီး​တစ်​ပြင်​လုံး ကြောက်​ရွံ့​စေ။ လော​ကီ​နိုင်​ငံ​သား​အ​ပေါင်း​တို့​သည် ရို​သေ​လေး​မြတ်​ကြ​စေ။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​မြွက်​ဆို၍၊ မြွက်​ဆို​တော်​မူ​သည်​အ​တိုင်း​ဖြစ်၏။ အ​မိန့်​တော်​ရှိ၍၊ မိန့်​တော်​မူ​သည်​အ​တိုင်း တည်​လျက်​နေ၏။ ထာ​ဝ​ရ​ဘု​ရား​သည် တစ်​ပါး​အ​မျိုး​သား​တို့၏​တိုင်​ပင်​ခြင်း​ကို​ပယ်​တော်​မူ၏။ လူ​စု​တို့၏​ကြံ​စည်​ခြင်း​ကို​လည်း ဖျက်​ဆီး​တော်​မူ၏။