YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 3:1-6

ဆာလံ 3:1-6 JBMLE

အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်၏​ရန်​သူ​တို့​သည်၊ အ​လွန်​တိုး​ပွား၍၊ အ​ကျွန်ုပ်​တစ်​ဖက်၌ ထ​သော​သူ​တို့​သည် များ​ကြ​ပါ၏။ သူ​သည် ဘု​ရား​သ​ခင်​ကို​အ​မှီ​ပြု၍ ချမ်း​သာ​မ​ရ​ဟု အ​ကျွန်ုပ်​ကို​ရည်​ဆောင်၍ ပြော​သော​သူ​အ​များ ရှိ​ကြ​ပါ၏။ သို့​သော်​လည်း၊ အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်၏​အ​ကွယ်​အ​ကာ​ဖြစ်​တော်​မူ၏။ အ​ကျွန်ုပ်၏​ဘုန်း​လည်း ဖြစ်​တော်​မူ၏။ အ​ကျွန်ုပ်၏​ဦး​ခေါင်း​ကို ချီ​ကြွ​သော​သူ​လည်း ဖြစ်​တော်​မူ၏။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ထံ​သို့ အ​သံ​ကို​လွှင့်၍ အော်​ဟစ်​သော​အ​ခါ၊ သန့်​ရှင်း​သော တောင်​တော်​ပေါ်​မှာ နား​ထောင်​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ကို​မ​စ​တော်​မူ​သော​ကြောင့်၊ ငါ​သည် အိပ်၍​ပျော်​ခြင်း​အ​ခွင့်​နှင့် နိုး​ခြင်း​အ​ခွင့်​ရှိ၏။ ငါ့​ကို​ရန်​ဘက်​ပြု၍ ဝန်း​ရံ​သော​သူ အ​ထောင်​အ​သောင်း​ကို ငါ​မ​ကြောက်​ဘဲ​နေ​မည်။