YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 27:4-8

ဆာလံ 27:4-8 JBMLE

ထာ​ဝ​ရ​ဘု​ရား၏​တင့်​တယ်​ခြင်း အ​သ​ရေ​တော်​ကို ဖူး​မြင်၍၊ ဗိ​မာန်​တော်၌​မွေ့​လျော်​ခြင်း​အ​လို​ငှာ၊ ထာ​ဝ​ရ​ဘု​ရား၏ အိမ်​တော်​မှာ တစ်​သက်​လုံး​နေ​ရ​မည်​အ​ကြောင်း​တည်း​ဟူ​သော အ​ခွင့်​တစ်​ခု​ကို ထာ​ဝ​ရ​ဘု​ရား၌ ငါ​ဆု​တောင်း​ပြီ။ ထို​အ​ခွင့်​ကို ရှာ​ရ​ဦး​မည်။ အ​ကြောင်း​မူ​ကား၊ ဘေး​အ​န္တ​ရာယ်​ရောက်​သည်​ကာ​လ၊ တဲ​တော်​တွင် ငါ့​ကို ကွယ်​ကာ​တော်​မူ​မည်။ ဗိ​မာန်​တော်​အ​တွင်း​အ​ရပ်၌၊ ငါ့​ကို​ဝှက်​ထား​တော်​မူ​မည်။ ကျောက်​ပေါ်​မှာ​လည်း ငါ့​ကို​တင်​ထား​တော်​မူ​မည်။ ယ​ခု​ပင် ငါ့​ပတ်​လည်၌​ရှိ​သော ရန်​သူ​တို့၏​အ​ပေါ်​သို့ ငါ၏​ဦး​ခေါင်း​ကို ချီး​မြှောက်​တော်​မူ၏။ ထို​ကြောင့် ဗိ​မာန်​တော်​မှာ တံ​ပိုး​မှုတ်​ခြင်း​နှင့်​တ​ကွ ယဇ်​ပူ​ဇော်​ပါ​မည်။ သီ​ချင်း​ဆို​ပါ​မည်။ ထာ​ဝ​ရ​ဘု​ရား​ကို ထော​မ​နာ​သီ​ချင်း​ဆို​ပါ​မည်။ အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​အော်​ဟစ်​သော​အ​သံ​ကို နား​ထောင်​တော်​မူ​ပါ။ အ​ကျွန်ုပ်​ကို​သ​နား၍ ထူး​တော်​မူ​ပါ။ ငါ၏​မျက်​နှာ​ကို​ရှာ​ကြ​လော့​ဟူ​သော အ​မိန့်​တော်​ကို ရှေ့​တော်၌ အ​ကျွန်ုပ်​သည် သ​တိ​ပြု​လျက်၊ အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်၏​မျက်​နှာ​ကို​ရှာ​ပါ​မည်။

​ဆာလံ 27:4-8 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။